အရပ်သားနှစ်ဦးကို လက်ထိတ်ခတ်ထိုးကြိတ်သည့် နယ်ထိန်းရဲကို ပြစ်ဒဏ်ချတော့မည်

အရပ်သားနှစ်ဦးကို လက်ထိတ်ခတ်ထိုးကြိတ်သည့် နယ်ထိန်းရဲကို ပြစ်ဒဏ်ချတော့မည်
by -
မဇ္စျိမ

အရပ်သားနှစ်ဦးကို လက်ထိတ်ခတ်ပြီး ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ပြည်မြို့အမှတ်(၁) ရဲစခန်းမှ နယ်ထိန်း ဒုတပ်ကြပ် မျိုးကိုကျော်အား ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူတော့မည်ဟု စခန်းမှူးဖြစ်သူ ရဲအုပ်မျိုးဝင်းက ပြောသည်။

“အထက်အမိန့်အရ ကြိုတင်ပြီးအချုပ်ထဲထည့်ထားတယ်။ အမိန့်တော့ မလာသေးဘူး” ဟု အမှတ်(၁)စခန်းမှူ ရဲအုပ်မျိုးဝင်းက ဆိုသည်။

ဒုတပ်ကြပ်မျိုးကိုကျော်ကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူရန် နိုဝင်ဘာ ၁၂ ရက်ကစပြီး အချုပ် ခန်းထဲ ထည့်ထားခြင်းဖြစ်သည်။

ဇူလိုင် ၉ ရက်က အမှတ်(၁)ရဲစခန်းမှ ဒု-တပ်ကြပ် မျိုးကိုကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်လေးဦး သည် ပေါင်းတည်-ပြည် ဒိုင်နာကားမောင်း ကိုကျော်စိုးနှင့် ညီဖြစ်သူ ကိုစည်သူအောင်တို့ကို လက်ထိပ်ခတ်ထိုး ကြိတ်ခဲ့သည်ဟု ကာယကံရှင်များက ပြောဆိုထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ကိုကျော်စိုးမှာ လက်သီးဖြင့်အချက်နှစ်ဆယ်ကျော်အထိုးခံရပြီး နှာခေါင်းနှင့်ပါးစပ်တို့ မှ သွေးကျခြင်း၊ မျက်လုံးဖူးယောင်ခြင်း စသည့်ဒဏ် ရာများရရှိကာ ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အပြင်လူနာအဖြစ်ကုသခဲ့ရသည်။

Most read this week