တပ်မတော်မှ ရခိုင် ၉ မြို့နယ်က ဧည့်မထ စပါးများကို ဒေသပေါက်စျေးဖြင့် ၀ယ်ယူမည်ဟု ကျေညာ

တပ်မတော်မှ ရခိုင် ၉ မြို့နယ်က ဧည့်မထ စပါးများကို ဒေသပေါက်စျေးဖြင့် ၀ယ်ယူမည်ဟု ကျေညာ
by -
နိရဥ္စရာ

တပ်မတော် ရိက္ခာအတွက် ရခိုင်ပြည်နယ် မြို့နယ် (၉) ခုမှာ ဧည့်မထ စပါးများကို ဒေသပေါက်စျေးဖြင့် တပ်မတော်မှ ၀ယ်ယူရန် ထုတ်ပြန်ကျေညာသည်။

ဧည့်မထ စပါးဝယ်ယူမည့် (၉) မြို့နယ်မှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ ဘူးသီးတောင် တို့ ဖြစ်ကြသည်။

Paddy-field-Myanmar

၎င်းစပါးများကို တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း စပါးတင်း (၁၀၀) အထက်ကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့များသို့ စုံစမ်း ရောင်းချနိုင်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ စပါးအထွက်များရာ မြို့နယ် (၂) ခု ဖြစ်သော ပုဏ္ဍားကျွန်းနှင့် ပေါက်တောတို့ မှာ စပါးဝယ်ယူမည့် စာရင်းတွင် ပါ၀င်လာခြင်း မရှိသည်ကိုတွေ့ရသည်။

ယင်းမြို့နယ် (၂) ခုအပါအဝင် ပင်လယ်ကမ်းနီး မြို့နယ်များတွင် အိန္ဒိယကို ၀င်ရောက်တိုက်ခတ်သွားခဲ့သော မုန်တိုင်း အရှိန်ကြောင့် ဒီရေကြီးပြီး ဆားငံရေများ စိုက်ခင်းထဲ ၀င်ရောက်ရာမှ စပါးစိုက်ခင်းများ အကြီးအကျယ် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ဒေသခံ လယ်သမားကြီး တစ်ဦးကမူ ယခုနှစ်တွင် ရခိုင်ပြည်နယ် စပါးအထွက်နုန်းမှာ ခါတိုင်းနှစ်များထက် တစ်ဝက်ကျော်ခန့် ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်း ပြောကြားသည်။

တပ်မတော်မှ ရခိုင်ပြည်နယ် အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ ဧည့်မထ စပါး အမျိုးအစားများကို ဒေသ ပေါက်စျေးဖြင့် ၀ယ်ယူသွားမည်ဟု သိရသည်။