ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယခင်ကကဲ့သို့ လျှပ်စစ်မီး အချိန်ပြည့် ပြန်လည်ရရှိမည်ဟု သက်ဆိုင်ရာက ကတိပြုသည့်အတွက် လာမည့်တနင်္ဂနွေနေ့တွင် ဆန္ဒပြရန် စီစဉ်ထားမှုကို ရုပ်သိ်မ်းလိုက်သည်ဟု သိရသည်။
မြောက်ဦးမြို့တွင် ယခင်က နံနက် ၅ နာရီမှ ညည့် ၁၂ နာရီအထိ လျှပ်စစ်မီးတစ်နေ့လျှင် ၁၉ နာရီ ရရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လနောက်ပိုင်းမှ စတင်ကာ လျှပ်စစ်မီးပုံမှန်မလာတော့သဖြင့် မြို့ခံလူ ထုများအတွက် များစွာအခက်အခဲဖြစ်စေခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ယင်းသို့ လျှပ်စစ်မီးပုံမှန်မလာတော့သည့်အတွက် လာမည့် နိုဝင်ဘာလ ၁၆ ရက်(တနင်္ဂနွေ)နေ့ ညနေ ၃ နာရီ အချိန်တွင် မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်ကြီးရှှေ့မှ စတင်ကာ ကုန်သည်တန်းရပ်ကွက်ရှိ အထ က (၁) ကျောင်းရှေ့ ဘောလုံးကွင်းအထိ မြို့ခံအင်အား ၅ဝဝဝ ခန့်က ဗီနိုင်းဆိုင်းဘိုးများကိုင်ဆောင်၍ လမ်း လျှောက် ဆန္ဒပြရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စီစဉ်ခဲ့ကြသည်။
ယင်းသို့စီစဉ်မှုအပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက မြောက်ဦးသို့ လာ ရောက်ပြီး ဆန္ဒပြရန် ဦးဆောင်သူများနှင့် တွေ့ဆုံညှိနှိုင်းမှု တစ်ခုလုပ်ခဲ့သည်။
“သ ူ(ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ)ကတော ့ပြောတာပေါ့လေ။ ကျွန်တော်တို့မှာလည်း မဟာဓာတ် အားလိုင်း ကနေ ဓာတ်အားတွေဝင်လာတော့မှာမို့ အပြင်းအထန်လိုင်းတွေပြင်နေရတဲ့အချိန်မှာ အခုလိုမျိုးဆန္ဒ တွေ ပြမယ်ဆိုရင် ကျွန်တော်တို့ဌာနအနေနဲ့ သိက္ခာကျမယ်။ ဒါကြောင့် ပြည်သူတွေလိုချင်တဲ့ ဟာကို ကျွန်တော် တို့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါ့မယ်လို့ သူက ကတိခံခဲ့တယ်”ဟု ဆန္ဒပြရန် စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုကျော် သိန်းထွန်းက ပြောပြသည်။
ယင်းနောက် နိုဝင်ဘာလ ၁၃ ရက်(ယနေ့)မှစတင်ကာ မြောက်ဦးတွင် လျှပ်စစ်မီး ၁၉ နာရီ ပုံမှှန်ရရှိနေ ပြီဖြစ်သည့်အတွက် လာမည့်တနင်္ဂနွေနေ့တွင် ဆန္ဒပြမည့်အစီအစဉ်ကို ရုပ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ကိုကျော် သိန်းထွန်းက ဆက်ပြောသည်။
ထိုသို့ ရုပ်သိမ်းလိုက်ပြီးနောက် မြို့နယ် ရဲစခန်းတွင် ဆန္ဒပြရန် ခွင့်ပြုချက်တင်ထားခြင်းကို ပယ်ဖျက်လိုက်သည်ဟု သူက ဆက်ဆို “ကျွန်တော်တို့တောင်းဆိုတာကို ဖြည့်ဆည်းပေးတဲ့အတွက် ဒီနေ့ညနေ ၂ နာရီလောက်က မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးဆီ သွားပြီး ဆန္ဒပြမယ့်အစီအစဉ်ကို ရုပ်သိမ်းကြောင်း ကျွန်တော်တို့လက်မှတ်သွားထိုးလိုက်ပြီ”ဟု ယင်းက ဆိုသည်။