မကြာမီက အတည်ပြုပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်းထန်စွာ ကန့်ကွက်ပြီး ကျောင်း သားပြည်သူကို အခြေ ခံသည့် ဒီမိုကရေစီ အနှစ်သာရနှင့် ကိုက်ညီသော အမျိုးသားပညာရေး ဥပဒေတစ် ရပ်ပေါ်ထွက်လာရန် ကျောင်းသားများကတောင်း ဆိုတိုက်ပွဲဝင် သွားမည် ဟု နိုင်ငံလုံးဆိုင် ရာကျောင်းသား ထု အရေးပေါ်အစည်း အဝေးက နိုဝင်ဘာလ ၁၃ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။
အဆိုပါအစည်းအဝေးကို နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့ပြီး ထိုအစည်းအဝေးကြီးမှ ကျောင်းသား ကိုယ် စားလှယ် ၁၅ ဦးဖြင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းသည်။
ထိုကော်မတီတွင် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (ဗကသ)မှ ကိုယ်စား လှယ်ခြောက်ဦး၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)မှ ကိုယ်စားလှယ်ခြောက်ဦး နှင့် မြေလတ်မှ ကျောင်းသား သုံးဦးတို့ ဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီက ကျောင်းသားအရေးကိစ္စများနှင့် အမျိုးသားပညာရေး ဥပဒေ အသစ်ပြန်လည် ရေးဆွဲရန် ဦးဆောင်တိုက်ပွဲဝင်မည်ဟု ထိုကော်မတီတွင် ပါ၀င်သည့် ဗကသ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ဆိုသည်။
အဆိုပါ ဥပဒေတွင် ပါ၀င်သည့် ပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ထားပြီး ပညာရေးမူဝါ ဒများသည် ဒီမိုကရေစီမ ဆန်ခြင်း၊ လူ့အခွင့်အရေး တန်းတူညီမျှမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထုက ပြင်းပြင်းထန်ထန်ကန့်ကွက်သည် ဟု ထုတ်ပြန်ထားသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးသို့ တစ်နိုင်ငံလုံးမှ ကျောင်းသား သမဂ္ဂ များမှ ကိုယ်စားလှယ်များနှင့် ကျောင်းသားစုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။