ဖွဲ့စည်းပုံပြင်ရေး ထိုင်သပိတ် အထမမြောက်

ဖွဲ့စည်းပုံပြင်ရေး ထိုင်သပိတ် အထမမြောက်
by -
မဇ္စျိမ

ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ့လက်မှတ်ငါးသန်းကျော်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားမှုကို အစိုးရ နှင့် လွှတ်တော်က အရေး ထားဆောင်ရွက်ပေးရန် ထိုင်သပိတ်ဖြင့် ဆန္ဒပြရန် နိုဝင်ဘာ ၁၃ ရက်က စီစဉ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ခန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလာရောက် တားမြစ်သည်။

ရန်ကုန်တိုင်းလွှတ်တော်ဝင်ပေါက်အမှတ်၂ အနီး ရန်ကုန်ပြည်လမ်းမပေါ်တွင် ဆန္ဒပြရန် လာရောက်စုဝေးကြခြင်းဖြစ်ပြီး ဒဂုံမြို့နယ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ် မှူး၊ စခန်းမှူးတို့အပါအဝင် ရဲတပ်ဖွဲ့ဝင်များက တားဆီးကြခြင်းဖြစ်သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ အလုံးစုံမှန်ကန်စွာပြင်ဆင်နိုင်ရေး၊ ပြည်သူ့လက်မှတ် ၅ သန်းအရေး ထားဆောင်ရွက်ရန် တောင်းဆိုမှုနှင့် PRစနစ်ကန့် ကွက်ဆန့်ကျင်သည့် အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်အသီးသီးမှတက်ကြွလှုပ်ရှားသူများမှထိုင်သပိတ်ပြုလုပ်မည် ကို ရဲများက လာရောက်တားမြစ်စဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊မဇ္စျိမ)

ခရိုင်ရဲတပ်ဖွဲ့မှူးက "လုံခြံုရေးကို ထိခိုက်လာနိုင်တယ်တယ်။ အခုစုဝေးနေတာကို မရပ်လို့မရဘူး၊ ရပ်မှ ရမယ်၊ တားမြစ်ချက်ကို မလိုက်နာရင် ထပ်ပြောဖို့မ ရှိတော့ဘူး။ ဆွေးနွေးချင်ရင် စခန်းကို အချိန်မရွေးလာဆွေးနွေး ပါ"ဟုပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း တားမြစ်နေတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့လာတာပါ။ အခုဘယ် ဥပဒေနဲ့ တားမြစ်တာလဲဆိုတာ ပြောပြပေးပါ။ ခွင့်ပြုချက်ပေးဖို့ အကြောင်းကြားတော့လည်း ဘာမှအကြောင်းပြန်တာမျိုး မရှိခဲ့ဘူး" ဟု Generation wave မှ မအိအိမိုး က ပြန်လည်တုံပြန်ပြောဆိုသည်။

တက်ကြွလှုပ်ရှားသူများနှင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် အငြင်းပွားကြပြီးနောက် ထိုင်သပိတ် ဆင်နွှဲရေး ဦးဆောင်သူ နှစ်ဦးကို ရဲတပ်ဖွဲ့ က ခေါ်ဆောင်သွားရန် ပြင်ဆင်အပြီး ဆန္ဒပြမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်သည်။

ဒဂုံမြို့နယ်စခန်းမှူး ဒုရဲမှူးသောင်းစိန်က "သူတို့ဘက်က ဆက်လုပ်ရင် လူစုခွဲတဲ့နည်းတွေနဲ့ ကျွန်တော်တို့ ဘက်က လုပ်မှာပါ၊ ဒီအခါ အကြမ်းဖက်ဖြို ခွင်းတယ် ဆိုပြီး ဖြစ်လာနိုင်တယ်။ ခွင့်ပြုချက်မရဘဲလုပ်လို့ လာရောက်တားမြစ်ရတာပါ "ဟုပြောသည်။

ပြည်သူလက်မှတ်ငါးသန်းကိစ္စ အရေးထားဆောင်ရွက်ပေးရန်၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေသည့် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ပေးရန်၊ ပုဒ်မ ၄၃၆ ချက် ချင်းပြင် ဆင်ပေးရန်၊ ပုဒ်မ ၅၉ (စ) ၊ပုဒ်မ ၅၉( ဃ)၊ ပုဒ်မ၆ ( စ) ပြင်ဆင်ပေးရရန် အချက်များကို တိုင်းလွှတ်တော်ရုံးရှေ့တွင် ထိုင်သပိ်တ်ဖြင့် ငြိမ်းချမ်း စွာစုပေါင်း   တောင်းဆိုရန် ရည်ရွယ်သည်ဟု တက်ကြွလှုပ်ရှားသူတို့က ဆိုသည်။

ယင်းကို သုံးရောင်ခြယ်အဖွဲ့၊ ရန်ကုန်လိုင်ဇာငြိမ်းချမ်းရေးလမ်လျှောက်အဖွဲ့၊ အဖြူရောင်တွဲလက်များ၊ Generation Wave တို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး လူစုနေချိန်တွင်ပင် တားမြစ်ခံလိုက်ရသည်။

Most read this week