ရခိုင်သို့ အရက်အဆီနှင့် အရက်အတုများတင်သွင်းနေမှုကို တားဆီးပေးရန် သမ္မတထံစာရေးတောင်းဆို

ရခိုင်သို့ အရက်အဆီနှင့် အရက်အတုများတင်သွင်းနေမှုကို တားဆီးပေးရန် သမ္မတထံစာရေးတောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်သို့ အရက်အဆီနှင့်အရက်အတုများ တင်သွင်းနေမှုကို ဥပဒေအရတားဆီးပေးရန် နိုင်ငံတော် သမ္မတထံ စာရေးတောင်းဆိုထားကြောင်း အရက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

အရက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် ရခိုင်ပြည်နယ်၊ သံဃာ့ နာယကအဖွဲ့မှ နာယကနှင့် ဥက္ကဋ္ဌဆရာတော်ကြီးများ၊ စစ်တွေမြို့နယ် အမျိုးဘာသာ သာသနာ စော့င်ရှောက်ရေးအဖွဲ့မှ ဆရာတော််ကြီးများ လက်မှတ် ရေးထိုး၍ အဆိုပါစာကို နိုဝင်ဘာ ရ ရက်နေ့က သမ္မတထံ တင်ပြလိုက်ခြင်းဖြစ်သည်။

letter-to-president

“ရခိုင်ပြည်မှာ အရက်နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ လမ်းဘေးကအရက်ဆိုင်တွေကို ဖမ်းရုံနဲ့မရဘူး။ အဓိက ရခိုင်ပြည်ကို တင်သွင်းနေတဲ့ အရက်အဆီကိုတားဆီီးပေးရမယ်။  အဲဒီအရက်အဆီတွေကြောင့် ရခိုင် ပြည်မှာ အရက်အတုလုပ်လို့ရနေတာ”ဟု အရက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့မှ ရခိုင့်အမျိုးသားရေး နိုင်နိုင် က ပြောသည်။

အရက်အတုများနှင့် စံချိန်မမီအရက်များ ပြည်နယ်တွင်း၌ထုတ်လုပ်နေမှုကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်လိုကြောင်းလည်သမ္မတထံတင်ပြလိုက်သည့်စာတွင် ဆက်လက် တောင်းဆိုထားသည်။

ယခုတောင်းဆိုမှုကို အစိုးရက တစ်စုံတရာအရေးယူမှုမရှိပါက ရခိုင်ပြည်နယ်ရှိ အလွှာပေါင်းစုံမှ ပြည်သူ များ၏လက်မှတ်များကောက်ခံ၍ လွှတ်တော်အဆင့်ဆင့်အထိတင်ပြတောင်းဆိုသွားရန်စီစဉ်ထားကြောင်းလည်း ကိုနိုင်နိုင်က ဆက်ပြောသည်။

အရက်အတုများနှင့် အရက်အဆီများကို ရခိုင်ပြည်နယ်အတွင်းအလွယ် တကူသောက်သုံးနေကြသဖြင့် အဆိုပါအရက်များကို သောက်သုံံး နေကြသူများမှာ သက်တန်းမစေ့ဘဲ သေဆုံးမှုများရှိလာခြင်း၊ ရူးသွပ်ခြင်း ဝေဒနာကိုခံစားနေရခြင်း၊ မိသားစုဘဝများ ပျက်စီး ပြိုကွဲနေရခြင်း၊ ပြည်နယ်တွင်း လူဦးရေတိုးပွားမှုမရှိဖြစ်လာခြင်း တို့ကို ရင်ဆိုင်ကြံုတွေ့နေရကြောင်း ပြည်နယ်တွင်းရှိ အရက် ဆန့်ကျင် တိုက်ဖျက်ရေး အဖွဲ့၏စစ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။

“အဲလို အရက်အတုတွေ၊ အရက်အဆီတွေကို အလွယ်တကူဝယ်ယူရရှိနေတဲ့အတွက် ခုနောက်ပိုင်း ကျောင်း သားလူငယ်တွေပါ ပျက်စီး လာတယ်”ဟု ကိုနိုင်နိုင်က ဆိုသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း အရက်အဆီနှင့်အရက်အတုများ တင်သွင်းနေခြင်းနှင့် ပြည်နယ်တွင်း စံချိန်မမီအရက်များ ထုတ်လုပ် ရောင်းချခွင့် ရရှိနေခြင်းတို့မှာ ရခိုင်ပြည်သူတို့အပေါ် အစိုးရ၏ လျစ်လျူရှုမှုနှင့် လာဘ်ပေးလာဘ်ယူမှု ကြီးစိုး နေမှုတို့ကြောင့်ပင် ဖြစ်သည်ဟု ရခိုင်လူငယ် တစ်ဦးဖြစ်သူ ကိုသန်းလှ က ဝေဖန်ပြော ဆိုသည်။

“ဒီကိစ္စတွေကို အစိုးရကိုယ်တိုင်ကလည်း သိထားပြီးသားပါ။ အစိုးရက ဥပဒေအရတိတိကျကျတားဆီး မပေးတော့ ကျွန်တော်တို့ရခိုင်ပြည်သူတွေ ဒုက္ခရောက်ကြတာပေါ့”ဟု ယင်းက မှတ်ချက်ပြုပြောသည်။

Most read this week