မြန်မာနိုင်ငံအနှံ့တွင် အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၆,၀၀၀ ကျော်ရှိဟု ဒုဝန်ကြီး ပြော

မြန်မာနိုင်ငံအနှံ့တွင် အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၆,၀၀၀ ကျော်ရှိဟု ဒုဝန်ကြီး ပြော
by -
မဇ္စျိမ

မြန်မာနိုင်ငံအနှ့ံတွင် အန္တရာယ်ရှိ စာသင်ကျောင်းဆောင်ပေါင်း ၆,၀၀၀ ကျော်ရှိပြီး မည်သို့ ဆောင်ရွက်ပေး မည်ကို စဉ်းစားပြီး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက အမျိုးသား လွှတ်တော်တွင် ပြောသည်။

“ကျွန်တော်တို့ နှစ်ခြောက်ဆယ်က နေပြီးတော့ အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၆,၀၀၀ ကျော် ရှိပါ တယ်။ အဲ့တော့ ဒီ ၆,၀၀၀ ကျော်ကိုလည်း အန္တရာယ်ရှိ ကျောင်းဆောင်တွေက နေပြီးတော့ ကျွန်တော်တို့ ဘယ်လို ပြန်ပြင်မလဲ။ တစ်ခါဖျက်ပြီးတော့ မပြင်နိုင်သေးရင် ဘယ်လို ပြင်ထိန်းနဲ့လုပ်မလဲ၊ ဒါလေး ကျွန်တော်တို့ စဉ်းစားပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။

School-1

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းမှုများနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား လိုက်ခြင်းဖြစ်သည်။

ကျောင်းသားဦးရေများ တိုးလာပွားသည့်အတွက် ဆက်လက်ပြီးတော့မည်သို့ ဆောင်ရွက်မည်၊ မည်သို့ တိုးသွားမည်ကို ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“အဲ့တော့ ကိုယ်စားလှယ်ကြီးများ အနေနဲ့တော့ တစ်မြို့နယ်ချင်းမှာတော့ ဒါအန္တရာယ်ရှိတယ်။ ကြီးကျယ် တယ်လို့ ဖြစ်မှာပဲ။ ကျွန်တော်တို့ အပေါ်မှာကျတော့ ခြောက်ထောင်ကျော်စစ်တဲ့ အင်ဂျင်နီယာကလည်း ဦးစားပေးတွေ ရွေးလုပ်နေရပါတယ်။ မြို့နယ်တွေမှာရှိတဲ့ အင်ဂျင်နီယာတွေကပဲ စစ်ဖို့သွားတာ ဖြစ်ပါ တယ်။ သူတို့ကလည်း အန္တရာယ် ရှိတယ်ဆိုပေမယ့် တစ်ဦးတည်းတစ်ဖွဲ့တည်းက စစ်တာမဟုတ်တဲ့အတွက် ဦးစားပေး ၁၂၃ ဆိုတာကလည်း ကျွန်တော်တို့ ဝေခွဲရခက်ပါတယ်” ဟု ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။

ဝန်ကြီးဌာနသည် ဘဏ္ဍာရန်ပုံငွေအရ ကျောင်းဆောင်လုပ်ရန် ပေးနိုင်သည့် အတိုင်းအတာကို မြို့နယ်များအလိုက် ကျောင်းသားဦးရေဖြင့် တွက်ချက်ပြီး မည်၍မည်မျှထားပေးမည်ကို လျာထားပြီးဖြစ်ဟု ၎င်းက ဆိုသည်။