ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား ထိုင်းအစိုးရမှ အမည်ပျက် စာရင်း သွင်းထားသည်ဟု ထွက်ပေါ် နေသည့် သတင်းမှာ ကောလဟာလ သာဖြစ်

ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား ထိုင်းအစိုးရမှ အမည်ပျက် စာရင်း သွင်းထားသည်ဟု ထွက်ပေါ် နေသည့် သတင်းမှာ ကောလဟာလ သာဖြစ်
by -
ရွှေဟင်္သာ

ထိုင်းအစိုးရမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RSS/SSA) အဖွဲ့၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား အမည်ပျက် စာရင်း သွင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ၊ ၎င်းမှာ ကောလ ဟာလသာ ဖြစ်ကြောင်း RCSS တာဝန် ရှိသူများနှင့် ထိုင်းအာဏာပိုင် များက ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ပြောကြားသည်။

“အဲလို သတင်းတွေ ထွက်လာတယ် ဆိုတာ ကလည်း မှားယွင်းတဲ့ သတင်းပဲ ဖြစ်တယ်၊ သူတို့ (ထိုင်းနိုင်ငံ) ရဲ့ အချုပ်အခြာ အာဏာကို ထိပါး စေတဲ့ လုပ်ရပ်မျိုး ကို ကျနော်တို့ လုပ်ဆောင် နေတာလည်း မရှိဘူး ၊ ပစ်မှု ကျူးလွန် ထားတာ တွေလည်း မရှိဘူး၊ သတင်း တွေက မှားယွင်းတဲ့ သတင်း တွေပဲ ဖြစ်တယ်” ဟု RCSS/SSA အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလက ရွှေဟင်္သာ သတင်းဌာနသို့ ပြောသည်။

ဓါတ်ပုံ - (ကျော်ခ/ဧရာဝတီ)

ထိုသို့ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား ထိုင်းအစိုးရမှ အမည်ပျက် စာရင်း စာရင်း သွင်းထားသည့် သတင်း များနှင့် ပတ်သက် ၍လည်း နိုဝင်ဘာလ (၂) ရက်နေ့၌ ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် RCSS/SSA အဖွဲ့တို့ ထိုင်းနိုင်ငံ၌ တွေ့ဆုံ ခဲ့စဉ်က MPC တာဝန်ရှိသူ များမှ မေးမြန်း မှုများ ပြုလုပ် ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောသည်။

ထိုင်းအစိုးမှ လက်ရှိ အတည်ပြု ထုတ်ပြန် ထားသည့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပေဒ ပုဒ်မ ၁၂ တွင် ပါဝင်သည့် အချက် (၁၁) ချက်နှင့် ပုဒ်မ (၁၆) တွင် ပါဝင်သည့် အချက် (၁) ချက်တို့အပေါ် အခြေခံ၍ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အား အမည်ပျက် စာရင်း (Blacklist) စာရင်း သွင်းနိုင်သည်ဟု ဖော်ပြ ရေးသား ထားသည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေ များအနက် တရားမဝင် နိုင်ငံကူး လက်မှတ်တုဖြင့် ဝင်ရောက် နေထိုင်ခြင်း၊ ဗီဇာ အတု ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ တရားမဝင် လက်နက် မှောင်ခို ရောင်းဝယ် ဖောက်ကာမှုး၊ ထိုင်းနိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူ များ၏ အသက် အိုးအိမ် စည်းစိမ် လုံခြံုမှုကို စိန်ခေါ်သည့် လုပ်ရပ်များ (ဗုံးဖောက် ခွဲမှု၊ အကြမ်း ဖက်မှု၊ ပြန်ပေးဆွဲမှု) စသည့် အချက်များဖြင့် ငြိစွန်း ခဲ့ပါက ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အား အမည်ပျက် စာရင်း သွင်းနိုင်သည်။

အကယ်၍ ထိုင်းဥပဒေချုပ် ရုံးမှ ပုဂ္ဂိုလ် တစ်ဦး တယောက်အား Blacklist စာရင်း သွင်းရန် ဆုံးဖြတ်ချက် ချမှတ် ခဲ့လျှင် အတည် ဖြစ်ကြောင်းနှင့် ထိုသို့ Blacklist စာရင်း သွင်းပါကလည်း တရားဝင် ထုတ်ပြန် ကြေငြာလေ့ ရှိကာ ယခုမှာ တရားဝင် ထုတ်ပြန် ကြေငြာ ထားခြင်း မဟုတ်သဖြင့် ကောလဟာလ သတင်းသာ ဖြစ်ကြောင်းလည်း ထိုင်းတပ်မတော်မှ အမည်မဖော် လိုသည့် ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးက ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် ထိုင်းထောက်လှမ်းရေး တပ်မှ အရာရှိ တစ်ဦးအား နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရွှေဟင်္သာ သတင်းဌာနမှ ဆက်သွယ် မေးမြန်း ခဲ့ရာ ၌လည်း ထိုင်းအစိုးရမှ ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား အမည်ပျက် စာရင်း သွင်းထားသည် ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ငြင်းဆို ပြောကြား ခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား ထိုင်းအစိုးရမှ အမည်ပျက် စာရင်း သွင်းထားကြောင်း သတင်း များနှင့် ပတ်သက် ၍လည်း တာချီလိတ်မှ ဒေသ ဆိုင်ရာ မြန်မာ အာဏာပိုင်များမှ ထိုင်းအာဏာပိုင် များအား ဆက်သွယ် မေးမြန်း ခဲ့မှုများ ရှိကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် ထောက်လှမ်းရေး တပ်မှ အရာရှိက ရွှေဟင်္သာ သတင်းဌာနသို့ ဖြေကြားခဲ့သည်။

ထိုင်းအစိုးရမှ ရှမ်းလက်နက် အဖွဲ့အစည်း များမှ ခေါင်းဆောင် အချိုု့အား အမည်ပျက် စာရင်း သွင်းကာ ဖမ်းဝရမ်း ထုတ်ဖူးသည့် အခြေအနေ အချို့ ရှိခဲ့ပြီး ထိုသို့ ထုတ်ခဲ့သည့် အကြိမ် တိုင်း၌ တရားဝင် ကြေငြာလေ့ ရှိကာ ယခု၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ်အား Blacklist ထုတ်ထားခြင်း ကိစ္စနှင့် ပတ်သက်၍ တရားဝင် ကြေငြာ ချက်အား မတွေ့ရှိ ရကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန၏ အယ်ဒီတာ တစ်ဦး ဖြစ်သူ စိုင်းမိန်း ကလည်း နိုဝင်ဘာလ (၁၀) ရက်နေ့က ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“စိုင်းနော်ခမ်းတို့ ဦးယီဆေးတို့ ဦးခွန်ဆာ တို့ကို Blacklist စာရင်းသွင်းပြီ ဖမ်းဝရမ်း ထုတ်တုန်းက ဆိုရင် တရားဝင် ထုတ်ပြန် တယ်လေ၊ အခု အဲလိုမျိုး ထုတ်ထား တာလည်း မရှိဘူး၊ ကျွှန်တော် တို့လည်း RCSS/SSA တပ်မတော်ကို ဆက်သွယ် မေးမြန်း တော့လည်း ကောလ ဟာလသာ ဖြစ်တယ်လို့ ပြန်လည် ဖြေဆို ခဲ့တယ် ခင်ဗျ” ဟု ကိုစိုင်းမိန်းက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်သည် MTA ခေါ် မွန်းတိုင်း တပ်မတော် အစိုးရထံ လက်နက် ချခဲ့သည့် ၁၉၉၆ ခုနှစ်တွင် လက်နက်ကိုင် လမ်းစဉ်ကို စွဲကိုင်၍ ပြန်လည် တောခိုခဲ့ကာ RCSS/SSA ဖွဲ့စည်း ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်၍ လေးနှစ် တစ်ကြိမ် ကျင်းပသော ညီလာခံတွင် ထောက်ခံမဲ အများဆုံးဖြင့် လေးကြိမ် ဆက်တိုက်၁၆ နှစ်ကြာ RCSS/SSA ဥက္ကဋ္ဌ တာဝန်အား ထမ်းဆောင် ခဲ့သည်။

RCSS/SSA ဥက္ကဋ္ဌ အဖြစ် ညီလာခံ သက်တမ်း သုံးခုကြာ ထမ်းဆောင် ခဲ့ပြီးနောက် ၎င်းအနေဖြင့် ဥက္ကဋ္ဌ တာဝန်မှ အနားယူ လိုသည်ဟု ပြီးခဲ့သည့် ၂၀၁၄ နှစ်ဆန်း ဖေဖော်ဝါရီ လဆန်း လေးနှစ် တကြိမ်ကျ RCSS/SSA ညီလာခံ မတိုင်ခင် တရားဝင် ထုတ်ဖော် ပြောကြား ခဲ့သော်လည်း ညီလာခံ၌မူ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ်သည် ထောက်ခံမဲ အများဆုံး ရရှိကာ RCSS/SSA ဥက္ကဋ္ဌ တာဝန်အား ထမ်းဆောင်ရန် ပြန်လည် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

Most read this week