အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးသတ်မှတ်ပေးရေး ဆန္ဒဖော်ထုတ်မည်

အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးသတ်မှတ်ပေးရေး ဆန္ဒဖော်ထုတ်မည်
by -
မဇ္စျိမ

အလုပ်သမားများအတွက် အနည်းဆုံးလစာ အမြန်ဆုံးသတ်မှတ်ပေးရေးနှင့် ပတ်သက်ပြီး လှိုင်သာယာမြို့နယ် တွင် လူအင်အား၁၀၀၀ခန့်ဖြင့် နိုဝင်ဘာလအတွင်း ဆန္ဒဖော်ထုတ်သွားမည်ဟု Yes Candy စက်ရုံမှ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲလင်းထွန်းက ပြောသည်။

၎င်းက နိုဝင်ဘာ ၉ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဆန္ဒဖော်ထုတ်မည့်ရက်ကို အတိအကျ မပြောသေးပေ။ကိုရဲလင်းထွန်းက “လှိုင်သာယာမှာပဲ ခွင့်ပြုချက်တင်ပြီး တောင်းဆိုသွားမယ်” ဟု ပြောသည်။

Workers-salary

၎င်းတို့က ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် နိုဝင်ဘာလ ၂ရက်က လျောက်ထားခဲ့ရာ ခွင့်မပြုဘဲ တာမွေ မြို့နယ်၊ ကျိုက္ကဆံအား ကစားကွင်း ဟစ်တိုင်တွင် ပြုလုပ်ရန်သာ ခွင့်ပြုခဲ့သည်။ သို့သော် အလုပ်သမားများက လှိုင်သာယာမြို့နယ်အတွင်း၌သာ ဆန္ဒပြသွား မည်ဖြစ်သည်။

လှိုင်သာယာမြို့နယ် မြန်မာကူးယူပလိပ်ပြားစက်ရုံမှ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုရဲမင်းနိုင်က “အများဆုံးလုပ်ခလစာကကျပ်ရှစ်သောင်း၊ကိုးသောင်းလောက် ပဲရတယ်။ စားစရိတ်၊ အိမ်ငှားခတွေနဲ့ မကိုက်တော့ဘူး”ဟု ပြောသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းမှာ အနည်းဆုံးအခကြေးငွေ အမြန်ဆုံးသတ်မှတ်ပေးရေး၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပါ  တနင်္ဂနွေပိတ်ရက်များ အတွက် လုပ်ခလစာရရှိရေး၊ အလုပ်ရှင်မှ အလုပ်သမားများအား တဖက်သက် အလုပ်ထုတ်မှု ရပ်ဆိုင်းပေးရေး၊ ခုံသမာ ဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့် အလုပ်ရှင်များအား ထောင်ဒဏ် ချမှတ်သည့် ဥပဒေပြင်ဆင်ရေး စသည့် အချက်များတောင်းဆိုရန် ဖြစ်သည်။

Most read this week