မြစ်ကမ်းပါးပြိုမှုကြောင့် နှစ်တစ်ရာကျော် ရှိနေပြီ ဖြစ်သော အပေါက်ဝ ဘုန်းတော်ကြီးကျောင်းရွှေ့မည်

မြစ်ကမ်းပါးပြိုမှုကြောင့် နှစ်တစ်ရာကျော် ရှိနေပြီ ဖြစ်သော အပေါက်ဝ ဘုန်းတော်ကြီးကျောင်းရွှေ့မည်
by -
နိရဥ္စရာ

ကုလားတန် မြစ်ကမ်းပါးပြိုကျမှုကြောင့် နှစ်တစ်ရာခန့် သက်တမ်းရှိနေပြီ ဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဘုန်းတော်ကြီး ကျောင်းအား ပြောင်းရွှေ့ တည်ဆောက်ရန် ပြည်နယ်သံဃာ့နာယက အဖွဲ့ထံ စာရေးသား တင်လိုက်ပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော်ဦးတေဇက မိန့်သည်။

“ဒီရက်ပိုင်းအတွင်းကပဲ တင်လိုက်တာဖြစ်ပါတယ်။ မြို့နယ်သံဃာ့နာယကအဖွဲ့ဆီလည်း တင်ပြီးသွားပြီ”ဟု ဆရာတော်က နိုဝင်ဘာ ၈ ရက်နေ့က နိရဥ္စရာသို့မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့အသိပေးအကြောင်းကြား စာကို ပြည်နယ််အစိုးရအဖွဲ့ထံသို့လည်း ဆက်လက်တင်ပြ သွားဦးမည်ဖြစ်ကြောင်း ပြောဆိုသည်။

Apauk-wa-Kyaung

ကုလားတန်မြစ်ရေအဆက်မပြတ်တိုက်စားခြင်းခံနေရသည့်အတွက် မြစ်ရေထဲပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြံုတွေ့နေရသော အပေါက်ဝကျေးရွာ၊ ချောင်းဝရပ်ကွက်အတွင်းရှိ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ယခုနေရာမှ ရွာတောင်ပိုင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအနီးသို့ ပြောင်းရွှေ့ တည််ဆောက် ရန် မြေနေရာသတ်မှတ်ထားပြီးဖြစ်သည်။

အဆိုပါကျောင်းကို ပြောင်းရွှေ့တည်ဆောက်ရန် ငွေကြေးအမြောက်အများလိုအပ်မည်ဖြစ်ပြီး လက်ရှိ တွင် ကျေးရွာသူ၊ ကျေးရွာသားများက ထည့်ဝင်လှူဒါန်းငွေမှာ ကျပ်သိန်းတစ်ရာ ဝန်းကျင်ခန့်သာရ ရှိနေသေးကြောင်း ဆရာတော်၏မိန့်ကြားသည်။

“ဘယ်တော့ ပြောင်းမယ်ဆိုတာတော့ အတိအကျမသတ်မှတ်ရသေးဘူး။ ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ အဆင့်ဘဲ ရှိပါသေးတ.်”ဟု ဆရာတော်က မိန့််သည်။

ကျောက်တော်မြို့နယ်အတွင်းတွင် ကုလားတန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုမှုကို ရင်ဆိုင်နေ သည့်ကျေးရွာသုံးရွာအနက် အပေါက်ဝရွာ၏မြစ်ကမ်းပြိုမှုမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှဝင်းက ဆိုသည်။

ယင်းသို့မြစ်ကမ်းပါးများအဆက်မပြတ်ပြိုကျနေသည့်အတွက် စျေးတန်းလျားများ၊ စျေးဆိုင်ခန်း များ၊ နေအိမ်များနှင့် ထမင်းဆိုင် တန််းများမှာ အမြဲတမ်းပြောင်းရွှေ့တည်ဆောက်နေကြရသည်။

မြစ်ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့သွားကြရသည့်မိသားစုများကို အစိုးရက မည်သည့်အခါမျှ ထောက်ပံ့ ကူညီပေးခြင်းမရှိဖူးကြောင်းလည်း

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက တညီတညွတ် တည်းပြောသည်။ အပေါက််ဝကျေးရွာသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း အိမ်ခြေ ၅ဝဝဝ ကျော် ရှိသည့် စံပြကျေးရွာတစ်ရွာဖြစ်သည်။

မြစ်ချောင်းအင်းအိုင် အလွန်ပေါများသော ရခိုင်ပြည်နယ်တွင် မြစ်ကြောင်းပြောင်းလဲမှုကို ကာကွယ်ရန် နှင့် မြစ်ကမ်းပါးပြိုကျမှု ထိန်းသိမ်းရေး လုပ်ငန်းမှာ အထူးအားနည်းနေကြောင်း သိရသည်။

Most read this week