သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံအပါအဝင် သုံးနိုင်ငံ ခရီးစဉ် နိုဝင်ဘာလ ၁၀ ရက်နေ့ စတင်မည်

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံအပါအဝင် သုံးနိုင်ငံ ခရီးစဉ် နိုဝင်ဘာလ ၁၀ ရက်နေ့ စတင်မည်
by -
နိရဥ္စရာ

အမေရိကန် သမ္မတ အိုဘားမားရဲ့ ၆ ရက်ကြာ တရုတ်၊ မြန်မာနဲ့ သြစတြေးလျ သုံးနိုင်ငံ ခရီးစဉ်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သူရဲ့ သုံးနိုင်ငံ ခရီးစဉ် အတွင်းမှာ အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘာလုံုးဆိုင်ရာစီးပွားရေးနဲ့  အာရှ- ပစိဖိတ် ဒေသအတွက် အမေရိကန်ကချမှတ်ထားတဲ့ ပေါ်လစီကို အဓိကထား ချပြဆွေးနွေးလိမ့်မယ် လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

myanmar-obama-visit-greeting

အိုဘားမားဟာ တရုတ်နိုင်ငံမှာတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ နေ့ထိ ရှိနေမှာဖြစ်ပြီး ကျင်းပဖို့ရှိနေတဲ့ ​APEC ​အစည်းအဝေးကို ​တက်ရောက်မှာ ဖြစ်သလို တရုတ်သမ္မတ ​Xi ​Jinping ​နဲ့လည်း ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂  ရက်နေ့မှာတော့ မြန်မာနိုင်ငံသို့ ရောက်ရှိလာမှာဖြစ်ပြီး အမေရိကန်- အာစီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

သူရဲ့့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံမယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတွေ့ဆုံ မှာ ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်း ထုတ်ပြန်ထားပါတယ်။

သမ္မတအိုဘားမားဟာ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် ပေါ်လစီ၊ မြန်မာနိုင်ငံ နိုင်ငံရေး ​ပြုပြင်ပြောင်းလဲရေး၊ ​ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ​ဥပဒေပြင်ဆင်ရေး၊ ​တိုင်းရင်းသား ​ပဋိပက္ခဖြေရှင်းရေးနဲ့ ​မပါ မဖြစ်တဲ့ ရခိုင်ပြည်နယ်က ​ပြဿနာတွေကို ​ဖြေရှင်းဖို့ ​ အဓိက ဆွေးနွေး ပြောဆိုလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံကနေ သြစတြေးလျနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G-20 ​အစည်းအဝေးကို တက်ရောက်မယ်လို့ သိရပါတယ်။

သူရဲ့ ခရီးစဉ်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Most read this week