မွန်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ပေါ်လာပြန်ပြီ

မွန်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ပေါ်လာပြန်ပြီ
by -
အာကာ
ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်တွင် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း(၃) ကျေးရွာမှ ရွာသား (၂) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသူများမှာ ထပ်မံ ပေါ်ပေါက်လာသော မွန်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ  ဖြစ်သည်ဟု မွန်ပြည် ပြန်လည်ထူထောင်ရေးပါတီ ခေါင်းဆောင် နိုင်ပန်းညွှန့်က ပြော ...

ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်တွင် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း(၃) ကျေးရွာမှ ရွာသား (၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ထပ်မံပေါ်ပေါက်လာသော မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖြစ်သည်ဟု မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ ခေါင်းဆောင် နိုင်ပန်းညွှန့်က ပြောသည်။

အသစ်ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့၏ အမည်မှာ “ရာမညတပ်” ဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ် (၂) ပတ်ခန့်ကပင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ၄င်းတပ်မှာ အင်အား (၁ဝ) ဦးခန့်သာ ရှိပြီး တနင်္သာရီတိုင်းတွင် စတင်လှုပ်ရှားနေကြောင်း ၄င်းက ပြောသည်။

၄င်းပြင် ယခုပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့မှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ စစ်ရေးလှုပ်ရှားရာ အခြေခံဒေသ ထပ်တူမှု ရှိသော်လည်း မိမိတို့အချင်းချင်း ပဋိပက္ခမဖြစ်လိုကြောင်း ယခုကဲ့သို့ပြောသည်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဒီ “ရာမညတပ်” ပေါ်လာတယ်လို့ ကြားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့လည်း အဆက်အသွယ် လုပ်တယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ရှောင်ခိုင်းထားတယ်။ ကျနော်တို့ အချင်းချင်း နားလည်မှုရဖို့ ညှိနှိုင်းရဦးမယ်” ဟု ၄င်းက ပြောသည်။

ယခုထပ်မံပေါ်ပေါက်လာသော ရာမညတပ်တွင် မွန်၊ ကရင်၊ ထားဝယ် အမျိုးသားများဖြင့် ဖွဲ့စည်းထားသည်ဟုလည်း မွန်ပြည်သစ်ပါတီ နှင့် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ တို့က ယူဆထားသည်။

လွန်ခဲ့တဲ့ညက ကျနော်တို့ရွာသား ၂ ဦးကို ဖမ်းသွားတဲ့ အဖွဲ့ထဲမှာ မွန် ၃ ယောက်၊ ကရင် ၃ ယောက်၊ ထားဝယ် ၁ ယောက် ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ မြို့နယ်အုပ်ချူပ်ရေးကော်မတီဝင် နိူင်ဘတင်က အတည်ပြု ပြောကြားသည်။

မွန်ပြည်သဝ်ပါတီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်ကို မလိုလားသောကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက ယခု “ရာမညတပ်” ကို ဖွဲ့စည်းခြင်း ဖြစ်နိုင်သည်ဟုလည်း အထက်ပါ ပါတီတို့က ယူဆကြသည်။

Most read this week