လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူကလွှတ်တော်၌ မည်သည့်စနစ်ကျင့်သုံး သည်ဖြစ်စေ နည်းဥပဒေများဆွဲရန်၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားသည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က အသင့်ပြင်ထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။
၎င်းက “ကော်မရှင်အနေနဲ့ ပြဋ္ဌာန်းမယ့် ဥပဒေအပေါ် ဘယ်လိုပြဋ္ဌာန်းမလဲ၊ ပြဋ္ဌာန်းမယ့်အပေါ်မှာတော့ ပြင် ဆင်ထားပြီးသား။ ကျွန်တော်တို့က နည်းဥပဒေဆွဲရမယ်။ မြန်မြန်ဆွဲပြီး လုပ်ရမယ်။ လုပ်ထုံးလုပ်နည်း တွေ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
ယခုကျင်းပနေသည့် ပထမအကြိမ်၊ ပြည်သူ့လွှတ်တော်၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးနေသည့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရေးနှင့် ပတ်သက်၍ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရေးကော်မရှင်က ရွေးကောက်ပွဲ စနစ်ရှစ်မျိုးကို တင်ပြထားပြီး ပြည်ခိုင်ဖြိုးပါတီဝင် ရေဖြူမဲဆန္ဒနယ်မှ ဦးဝင်းဦးက ရွေးကောက်ပွဲစနစ် တစ်မျိုး ကို ထပ်မံတင်ပြထားပြီး လွှတ်တော်တွင် ဆွေးနွေးနေသည်။
ဦးမြင့်နိုင်က လွှတ်တော်တွင် ဆွေးနွေးနေသည့် စနစ်ရှစ်မျိုးစလုံးကို လေ့လာကာ ပြင်ဆင်နေ သည်ဟု ပြော သည်။ ၎င်းက “လွှတ်တော်ကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာကို ကျွန်တော်တို့ က လေ့လာမှတ်သားထားတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲစနစ် ပြောင်းလဲရာတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ်မှ အချိုး ကျ ကိုယ်စားပြုစနစ်ပြောင်းလဲပါက တည်ဆဲ အခြေခံဥပဒေနှင့် မကိုုက်ညီသည့်အပြင် ပြည်သူ့ဆန္ဒခံယူ ပွဲလုပ်ရန် အတိုက်အခံတို့က တောင်းဆိုထားသည်။
၎င်းက “ဒါကတော့ လွှတ်တော်ကနေ ဆုံးဖြတ်မှာပေါ့။ ကျွန်တော် သိသလောက်ကတော့ ပြည်သူ့လွှတ် တော် ပြည်ထောင်စု လွှတ်တော်ကြီးကလည်း ရှိနေသေးတယ်။ ဘာတွေ ဆုံးဖြတ်မလဲ။ဆုံးဖြတ်တဲ့ အတိုင်းပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ရွေးချယ်ရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းခဲ့ပြီး ကော်မရှင် ဖွဲ့ကာ စနစ်ရှစ်မျိုးကို လွှတ်တော်သို့ တင်သွင်းထားကာ လက်ရှိတွင် ဆွေးနွေးလျက်ရှိသည်။