အမျိုးသမီးသီးသန့် ယာဉ်လိုင်း အရှုံးကြီးရှုံး

အမျိုးသမီးသီးသန့် ယာဉ်လိုင်း အရှုံးကြီးရှုံး
by -
မဇ္စျိမ

အမှတ် ၃၁ အမျိုးသမီးသီးသန့် ယာဉ်လိုင်း ပြေးဆွဲမှုကို အောက်တိုဘာ ၂၇ ရက်ကမှ စတင်ခြင်းဖြစ်သော် လည်း အရှုံးပေါ်နေ၍ တစ်လခန့်သာ မဖြစ်မနေပြေးဆွဲတော့မည်ဟု ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြေးဆွဲ ပြီး တစ်ရက်အကြာတွင် မဇ္ဈိမကို ပြောသည်။

၃၁ ယာဉ် ငါးစီးကို တောင်ဥက္ကလာ ဘေလီကားဂိတ်မှ တောင်ဥက္ကလာ (မေတ္တာလမ်း) ၊ ၁၄/၁၅ လမ်းဆုံ ၊ ရတနာလမ်း၊ ကျောက်ကုန်း၊ တာမွေ(အထက-၃)၊ တာမွေစျေးဗလီ (တာမွေအခွန်လွတ်စျေး ဘက်)၊ ယုဇနပလာဇာ၊ မင်္ဂလာစျေး၊ ပုဇွန်တောင်စျေး၊ လမ်း ၅၀၊ အနော်ရထာ လမ်းမှ ဘုန်းကြီးလမ်း စံပြမှတ်တိုင် တို့သို့ ရုံးဆင်းရုံးတက်ချိန်များတွင် ၁၅ မိနစ်ခြား ပြေးဆွဲနေခြင်းဖြစ်သည်။

Only-Women-Bus

ယာဉ် စီးခကို ကျပ် ၂၀၀ သတ်မှတ်ရန် အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့ဟု ယာဉ်ပိုင်ရှင်များ က ဆိုသည်။

အမျိုးသမီးအဖွဲ့အစည်းအချို့က ကူညီရန် ကမ်းလှမ်းမှုများရှိသည်ဟု ဦးကိုကိုနိုင်က ပြောသည်။ယာဉ်လိုင်း ပိုင်ရှင်များက ယာဉ်စီးခကို ကျပ်၂၀၀ဖြင့် တိုင်းဒေသကြီးအစိုးရထံသို့ ထပ်မံတင်ပြရန်စီစဉ်နေပြီး မရပါက အမျိုးသမီးအဖွဲ့အစည်းတို့၏ အကူအညီ ယူမည်ဟုဆိုသည်။

အမျိုးသမီးယာဉ်လိုင်းများ ပေါ်ပေါက်ရန်ကြိုးပမ်းသူ ဒေါ်ကေခိုင်အောင်ခင်က “ယာဉ်လိုင်းတွေမှာ ကြော်ငြာ တွေ လုပ်လာတာမျိုး၊ အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ခန့်ထားပေးလိုက်ရင်တော့ အမျိုး သမီး အဖွဲ့အစည်းတွေကနေ တစ်ဆင့်အခွင့်အရေးတွေနဲ့ ပေးလာရင် ယာဉ်လိုင်းတွေ အရှုံးပေါ်နေတာ လျော့ သွားပါလိမ့်မယ်”ဟု ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း ယာဉ်လိုင်းငါးခှမှ ယာဉ်လိုင်းတစ်လိုင်းလျှင် နှစ်စီးနှုန်းဖြင့် အမျိုးသမီးသီး သန့် ဘတ်စ်ကား ၁၀ စီးဖြင့် ရုံးနှင့်ကျောင်း တက်/ဆင်း ချိန်များတွင် ပြေးဆွဲခဲ့သော်လည်း တွက်ခြေမ ကိုက်သဖြင့် ခြောက်လခန့်သာ ပြေးဆွဲပြီး ရပ်နားခဲ့ရသည်။