စစ်ဆင်ရေးအတွက် ကန်ဒေါ်လာ ရှစ်ဘီလီယံသုံး

စစ်ဆင်ရေးအတွက် ကန်ဒေါ်လာ ရှစ်ဘီလီယံသုံး
by -
မဇ္စျိမ

ကာကွယ်ရေး အသုံးစရိတ်၏ သုံးပုံတစ်ပုံဖြစ်သော ၃၂ ဒသမ ၈၉ ရာခိုင်နှုန်းကိုသာ စစ်ဆင်ရေးအသုံး စရိတ်အဖြစ် သုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြောသည်။

တပ်မတော်အသုံးစရိတ်တွင် လစာနှင့် စရိတ် ၄၆ ဒသမ ၁၂ ရာခိုင်နှုန်း၊ စစ်ဆင်ရေး (တိုက်ခိုက်ရေး ကဏ္ဍပါ၀င်မှု) ၃၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် ပညာရေးနှင့် ကျန်းမာရေး ၂ ဒသမ ရ၆ ရာခိုင်နှုန်း ပါ၀င်သည်ဟု ဆိုသည်။

မြန်မာ့တပ်မတော်က ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၂၃ ဘီလီ ယံကျော် တောင်းခံထား သည့်အတွက် စစ်ဆင်ရေးအတွက် ကန်ဒေါ်လာ ရှစ်ဘီလီယံခန့် သုံးစွဲမည့်သဘောဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လွှတ်တော်  အမတ် ဒေါ်နန်းဝါနု က နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၌ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ဘက်စုံဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များမပါ၀င်ဘဲ စစ်ဆင်ရေးအသုံး စရိတ်များသာ ပါ၀င်နေသည်ဟု ဝေဖန် ထားချက်ကို ကာကွယ်ရေးဝန်ကြီးက ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “အခုလို ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်ရှင်းပြတာ ကောင်းပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး စရိတ်ပြောပြော၊ တိုက်ခိုက်ရေးစရိတ်ပြော ပြောဒီလောက်တော့ မရှိသင့်ဘူးထင်ပါတယ်”ဟု ပြောသည်။

ယင်းကဲ့သို့ စစ်ဆင်ရေး အသုံးစရိတ်များပြားခြင်းသည် ကာကွယ်ရေးဝန်ကြီး ပြောကြားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုနိုင်ဟုလည်း ၎င်းက သုံးသပ်သည်။

Most read this week