မူယစ်ကျေးကျွန် လူငယ်များအတွက် ပြန်လည်ပျိုးထောင်ရေးစခန်းများ ဖွင့်လှစ်ရန် လွှတ်တော်သို့ အဆိုတင်

မူယစ်ကျေးကျွန် လူငယ်များအတွက် ပြန်လည်ပျိုးထောင်ရေးစခန်းများ ဖွင့်လှစ်ရန် လွှတ်တော်သို့ အဆိုတင်
by -
ကန္တာရဝတီတိုင်းမ်

မူးယစ်ဆေးဝါးကျေးကျွန်ဖြစ်နေကြသော လူငယ် လူရွယ်များအတွက် ပြန်လည်ပျိုးထောင်ရေး စခန်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် အဆိုကို ကချင်ပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တင်သွင်းခဲ့သည်ဟု ကယားပြည်နယ် အမှတ် ရ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ် က ပြောသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းက မူယစ်ဆေးဝါး ကျေးကျွန်ဘဝအဖြစ်သို့ ကျရောက်နေကြသော လူငယ် လူရွယ်များ လမ်းမှားပေါ်မရောက်ရှိစေရန် လူထုအခြေပြုအဖွဲ့အစည်းများနှင့် တာဝန်ရှိ အစိုးရဌာနဆိုင်ရာများ INGOs/NGOများ ပူးပေါင်း၍ မြို့နယ်တိုင်းတွင် မူးယစ်ဆေးဝါးပညာပေး လေကျင့်ရေး စခန်းများ ဖွင့်လှစ်ပေးနိုင်မည့် စီမံကိန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

bain-roks

ကယားပြည်နယ် အမျိုးသား လွှတ်တော် ဦးဌေးရယ်က အဆိုပါ အကြောင်းအရာကဲ့သို့ မူယစ်ဆေးဝါးသားကောင်ဖြစ်နေကြသော လူငယ်များအား ဖမ်းဆီး၍ ထောင်ချတာ ထက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေနှင့်လည်း INGOs/NGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးပညာပေး သင်တန်းကျောင်းများ မြို့နယ်အလိုက် ဆောင်ရွတ်ပေးနိုင်လျှင် ပိုမိုကောင်းမွန်လိမ့်မည််ကြောင်း ပြောသည်။

ကယားပြည်နယ်တွင် မူယစ်ဆေးဝါးကိစ္စအခြေနေကို ၎င်းက"ကယားပြည်နယ်မှာ မူယစ်ဆေးဝါးနှင့် ပတ်သက်ပြီးတော့ ကျောင်းသားတွေထဲမှာတောင် ပြန့်နှံ့နေတဲ့ အနေအထားမျိုးရောက်နေပြီ" ဟု ပြောသည်။

အဆိုပါအဆိုကို အောက်တိုဘာ ၂၂ရက်နေ့က လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း ကချင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ထိုအဆိုတင် သွင်းမှုမျိုးနည်းတူ တင်သွင်းမှု ရှိခဲ့သော်လည်း ဌာနဆိုင်ရာပိုင်းက လိုက်နာမှု အားနည်း နေသေးသည်ဟု ဦးဌေးရယ်က ပြောသည်။

"ပထမအဆိုတစ်ခုဟာလည်းဘဲ တင်ပြီးပြီ အောင်သွားတယ် ဒါပေမယ့် ဌာနဆိုင်ရာအပိုင်း အနေနဲ့က လိုက်နာဆောင်ရွက်ပေးဖို့ကလည်း နည်းနည်း အားနည်းနေသေးတဲ့ အနေအထားရှိတယ်"ဟု ပြောသည်။

မူးယစ်ဆေးဝါးကျေးကျွန်ဖြစ်နေသော လူငယ်များအား ဖမ်းဆီး ထောင်ချအရေးယူမှုများထက် လူငယ်ပြုပြင် ပျိုးထောင်ရေး သင်တန်းကျောင်းများဖွင့်၍ ပျိုးထောင်ပေးမှုများ ပြုလုပ်ပေးလျှင် ပိုမိုကောင်းမွန်ကြောင်း ကိုလည်း လွတ်တော်တွင် ဆွေးနွေးခဲ့သည်ဟု ကယားပြည်နယ် လွတ်တော်အမတ်က ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် မူးယစ်ဆေးဝါးပြဿနာ အဆိုးရွားဆုံးရင်ဆိုင်နေရသည့် ဒေသ များဖြစ်သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသော သူများအား နေ့စဉ် ရဦးမှ ၁၅ ဦးအထိ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်းက ပြောသည်။

ကချင်ပြည်နယ် ပြည်နယ် ရဲမှူးကြီး ဦးစန်းယုကလည်း နေ့စဉ် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ၅ မှုမှ ၁၇ မှုအထိ ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေကြောင်းပြောသည်။

ကချင်ပြည်နယ်တွင် မှုယစ်ဆေးဝါးရောင်းဝယ်မှု ဖမ်းဆီးမှုနူန်းသည် မြင့်တက်နေပြီး ယခုနှစ် အောက်တိုဘာလ ၁၈ ရက်ထိ ရဲမှတ်တမ်းစာရင်းများအရ အမှုပေါင်း ၁၅၀၂ မှုတွင် လူဦးရေ ၂၂၉၉ ဦးတိတိ ဖမ်းဆီး အရေးယူခဲ့သည်။

Most read this week