အစိုးရအဆိုပြုချက်များ SSPP တုံ့ပြန်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ညှိဦးမည်

အစိုးရအဆိုပြုချက်များ SSPP တုံ့ပြန်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ညှိဦးမည်
by -
မဇ္စျိမ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဘက်မှ အဆိုပြုချက်လေးချက်ကို ပြန် လည် တုံ့ပြန်နိုင်ခြင်းမရှိသေးဘဲ  ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း (SSPP/SSA) က အတွင်းရေးမှူး စဝ်ခွန်ဆိုင်က မဇ္စျိမကို ပြောသည်။

ယင်းအချက်များကို အစိုးရသို့ ပြန်လည်တုံ့ပြန်ပေးနိုင်ရန် အောက်တိုဘာလ ၂၁ ရက်က SSPP/SSA ဌာနချုပ်တွင် ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့သော်လည်း ယနေ့အထိ ဆွေးနွေးဆုံးဖြတ်နိုင်ခြင်း မရှိသေးဘဲ UPWC နှင့် ထပ်မံ ညှိနှိုင်းရန် လိုအပ်နေသည်ဟု သူက ပြောသည်။

RCSS-SS-Army

“ကျွန်တော်တို့ ဒီကိစ္စမပြီးပြတ်သေးလို့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးဖို့ ရှိသေးတယ်။ ဒါကြောင့် သတင်း မထုတ်ပြန်သေးဘူး။ တချို့ကိစ္စတွေက မပြတ်သေးဘူး၊ ဗဟိုကော်မတီစည်းအဝေးက မပြီးသေးဘူး။ အစိုးရနဲ့ ညှိရအုန်းမယ်။ သဘောတူညီချက်ရပြီးမှ ကျွန်တော်တို့ ပြန်ဆွေးနွေးမယ်” ဟု စဝ်ခွန်ဆိုင်က မဇ္စျိမကို ပြောသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းညှိနှိုင်းဖော်ဆောင်ရေး အဖွဲ့ဖွဲ့ရန်၊ ဆက်ဆံရေးရုံး အဆင့်မြင့် တိုးချဲ့ဖွင့်လှစ်ရန်၊ ဆက်ဆံရေးရုံး ချထားခြင်းဖြင့် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေး သွားရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော အချက် ၄ ချက်ကို UWPC က အဆိုပြုခဲ့သည်။ ယင်းအချက်များကို SSPPက ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် ရယူ၍ ပြန်လည် အကြောင်းပြန်မည်ဟု ဆွေးနွေးခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်က “ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် SSPP/SSA ခေါငး်ဆောင်များ ရှမ်းပြည်နယ် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းပြီး အချက်လေးချက်ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂ ရက်မှ ၄ ရက်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် တာဖာဆောင်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။