ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက် တီးတိန်ပိုစ့် နှင့် Zo Lengthe သတင်းစာ နှစ်စောင်ကို ချင်းပြည်နယ်အစိုးရက ထပ်မံပိတ် ပင်လိုက်သည်ဟု သတင်းရရှိသည်။
တီးတိန်ဘာသာစကားဖြင့် ထုတ်ဝေကြသော တီးတိန်ပိုစ့် နှင့် Zo Lengthe သတင်းစာစောင်သည် မှတ်ပုံတင်မရှိခြင်း ကြောင့် စာစောင်ထုတ်ဝေမှုကို ရပ်ဆိုင်းရန် ချင်းပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် တီးတိန်မြို့နယ်အထွေထွေ အုပ်ချူပ်ရေးမှူးရုံးမှတဆင့် အောက်တိုဘာလ ၁၆ ရက်နေ့က အမိန့်စာပေးပို့ခဲ့ သည်ဟု တီးတိန်ပိုစ့်အယ်ဒီတာချူပ် ထန်းဗန်လျန်ကပြောသည်။
“ တရားဝင်မှတ်ပုံတင်မရှိဘဲ သတင်းစာထုတ်ဝေခွင့်မရှိဘူးဆိုပြီးအမိန့်စာရောက်လာတယ်၊ ဒါကြောင့် ခုလောလောဆယ် တော့ ရပ်နားထားပါတယ်၊ မှတ်ပုံတင်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်’’ ဟု ထန်းဗန်လျန် ကပြောသည်။
ချင်းပြည်နယ်အစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်ကစ၍ ချင်းပြည်နယ်အတွင်း မှတ်ပုံတင်မရှိပဲ သတင်းစာစောင်ထုတ်ဝေနေကြသော သတင်းစာ များကို စတင်ပိ်တ်ပင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ချင်းပြည်နယ်အစိုးရမှ ပိတ်ပင်လိုက်သော သတင်းစာစောင် စုစုပေါင်း ၄ ခုရှိပြီဖြစ်သည်။ စက်တင်ဘာ ၂၉ တွင် ဟားခါးပိုစ့် နှင့် အောက်တိုဘာ ၁၅ ရက်နေ့က ဖလမ်းပိုစ့် သတင်းစာစောင်များကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။
ယခုအပိတ်ခံရသည့် တီးတိန်ပိုစ့်သတင်းစာသည် Legal size စာရွက် နှစ်မျက်နှာဖြင့် အပတ်စဉ်ထုတ်ဝေနေသော သတင်းစာဖြစ် ပြီး တစ်ပတ်လျှင် စောင်ရေ ၂၀၀၀ ဖြန့် ချီသည်ဟုသိရသည်။
နောက်ထပ်အပိ်တ်ခံရသော Zolengthe စာစောင်သည် တီးတိန်လူငယ်အဖွဲ့မှ ဦးစီးထုတ်လုပ်ဖြန့်ချီသော စာစောင်ဖြစ်ပြီး တစ်လ တစ်ကြိမ်ဖြင့် စောင်ရေ ၁၀၀၀ ဖြန့်ဝေ သည်ဟုသိရသည်။