ပြည်သူ လူထု ပါဝင်ကူညီ မှုကြောင့် ကချင် ပြည်နယ်တွင် မူးယစ် ဆေးဝါး ဖမ်းဆီး ရမိမှု မြင့်တက် လာပြီး ဖမ်းဆီး ရမိမှု စုစု ပေါင်း၏ ၅ ပုံ ၁ ပုံမှာပြည်သူ ပူးပေါင်း ပါ၀င် မှုကြောင့် ဖြစ်သည်ဟု ကချင် ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး စန်းယုက ပြောသည်။
“တစ်နေ့ကို မူးယစ်ဆေးဝါး မှုပေါင်း ၅ မှု ကနေ ၁၇ မှုအထိ ဖမ်းမိတယ်”ဟု ရဲမှူးကြီး စန်းယုက ပြောသည်။
ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး၏ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု စာရင်း ဇယား များအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လမှ အောက်တိုဘာ ၁၈ ရက်အထိ ၁၅၀၉ မှု ဖမ်းဆီး ရမိ ခဲ့ပြီး ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် တစ်နှစ် လုံးတွင် ၁၅၀၂ မှုသာ ဖမ်းဆီး ရမိ ခဲ့သည်။
အစိုးရ ဘက်မှ ကချင် ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များအား ဖမ်းဆီး နေခြင်း အလားတူ ကချင်ပြည်နယ် ဖားကန့် မြို့နယ် တွင်း၌လည်း ခရစ်ယာန် အသင်းတော်များ ဖွဲ့စည်း ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များ မှလည်း ထိုမူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ များအား ဖမ်းဆီးလျက် ရှိနေသည်။
ထိုသို့ ခရစ်ယာန် အသင်းတော်များ ဖမ်းဆီးမှု ထဲ၌ စက်တင်ဘာ၂၆ ရက်နေ့တွင် အစိုးရ ရဲအရာထမ်း နှစ် ဦး ဖြစ်သည့် ဒုတပ်ကြပ် သန့်စင်ဦး အသက် ၃၆ နှစ်နှင့် တပ်ကြပ် တစ်ဦး တို့အားလည်း ဖမ်းဆီး ရမိ ခဲ့သည်။
ဖားကန့် မြို့နယ် တွင်းရှိ ဆွတ်ငိုင်ယန်၊ ဖားကန့် င်္သချိုင်း သွားလမ်းနှင့် ဆွတ်ဂျာကောင်၊ မရှီကထောင် အရပ်များမှာ မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားရာ အရပ်များ ဖြစ်ကြောင်း ဆိုသည်။
အစိုးရ အနေ နှင့်လည်း ထိထိ ရောက်ရောက် မဆောင်ရွက် နိုင်သော အတိုင်းအတာ များလည်း ရှိပြီး မြန်မာ နိုင်ငံတွင် ရဲတစ်ယောက်လျှင် ပြည်သူ ၈၀၀ ရှိပြီး ညီမျှမှု မရှိ သဖြင့်ပြည်သူ လူထု ပူးပေါင်း ပါ၀င်မှု အရေးကြီး သည်ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းက ပြောသည်။
“ဖမ်းဆီးမှုမှာ ပြည်သူတွေ ပါ၀င် လာတာကြောင့့် နေ့စဉ် ရ ယောက်ကနေ ၁၅ယောက်အထိ ဖမ်းမိတယ်” ဟု ၀န်ကြီး ချုပ်က ဆက်ပြောသည်။
ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့တွင် ဖွဲ့စည်း ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု ကော်မတီက မူးယစ်ဆေးဝါး သုံးစွဲသူ များကို ပညာပေး အမြင် ဖွင့်ပေးခြင်း၊ ဆေးစွဲသူ များကို ဆေးဖြတ် ပေးခြင်းနှင့်ဖမ်းဆီး မှုများတွင် လူထုက ကူညီမှုများ ပြုလုပ် ပေးလျက် ရှိကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု ကော်မီတီ (မြစ်ကြီးနား) အထွေထွေ အတွင်းရေးမှူး အင်ခွန်တန်ဂွန်းက ပြောသည်။
အဆိုပါ ကော်မတီကို ကချင် ပြည်နယ်တွင် ဒေသ အလိုက် ခွဲခြား၍ ဇုန် ၁၂ခု သတ်မှတ် ထားပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အလိုက် အဆင့်ဆင့်ကော်မတီ များဖြင့် ဖွဲ့စည်း ထားသည်။
ယင်းသို့ ကော်မတီများ ဖွဲ့စည်း ရခြင်းမှာ ပြည်သူလူထု အတွင်းမူးယစ်ဆေးဝါး သုံးစွဲသူ များပြား လာပြီး မိသားစုတိုင်း နီးပါး မူးယစ်ဆေးဝါး စွဲလမ်းမှု ပြသနာ ကြံုတွေ့ လာရခြင်းနှင့် ကျောင်းသား လူငယ် များကြားပါ ပြန့်နှံ့ လာခြင်း တို့ကြောင့် ဖြစ်သည်ဟု အင်ခွန်တန်ဂွန်းက ပြောသည်။