အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲနိုင်သေး

အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲနိုင်သေး
by -
မဇ္စျိမ

ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်ချိန်အထိ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ရမည့် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုဖွဲ့စည်းမှု လုပ်ငန်း အဆုံးမသတ်နိုင်သေးဟု  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်၏ ဖြေကြားချက်က ဆိုသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ဇွန်လ ၄ရက်တွင် အတည်ပြုပြီးဖြစ်၍ ဗဟိုအဆင့် အဖွဲ့ ဖွဲ့ရန်  မြန်မာနိုင် ငံ ရဲတပ်ဖွဲ့ကတာဝန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။

Police-1

"ဗဟိုအဖွဲ့ဖွဲ့ဖို့ အစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ထားပြီးပါပြီ။ အပြီးသတ်ဖွဲ့ဖို့က မကြာတော့ပါဘူး။ အဲဒီအချိန်ကျမှ ဆက်စပ် ကော်မတီတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထပ်ဖွဲ့ပြီး လုပ်ငန်းဆောင်ရွက် မှုတွေကို ဆက်လုပ်မှာပါ"ဟု ရဲမှုးချုပ် စိုးမြိုင်က ပြောသည်။

ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ် ဇော်မင်းက အတွင်းရေးမှုးအဖြစ် တာဝန်ယူရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံသည် အိန္ဒိယတွင် ဌာနခွဲအသစ်ဖွင့်လှစ်ထားသည့် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ ပစ်မှတ် အသစ်တွင် ပါ၀င်နေသည်။ ထို့ပြင် ကုလသမဂ၏ စာရင်းများက မြန်မာနိုင်ငံဉ် အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ (IS)နှင့် ဆက်နွယ်သူ ရ၀ ကျော်ရှိသည်ဟု ဆိုသည်။

ရဲမှူးချုပ် စိုးမြိုင်ကမူ ယင်းစာရင်း အတည်မပြုနိုင်သေးဟု မဇ္စျိမကို ပြောထားသည်။ သို့သော် ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်အတွင်း အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှု ကျူးလွန်ရန် ကြံစည်နေသူဟု ယူဆရသော နိုင်ငံသား ၃၁ ဦးကို အရေးပေါ် စီမံချက် အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော လက်နက်နှင့် အခြားသူများကို ဖြားယောင်းသွေးဆောင်စေခြင်း အက်ဥပဒေတို့ဖြင့် အရေးယူထားသည်ဟု ရဲတပ်ဖွဲ့ စာရင်းများက ဖော်ပြသည်။