၂၀၁၄ မေလကပြီးစီးသော မာန်အောင်မြို့နယ်က MPT တာဝါတိုင် ၆လ ကြာသော်လည်း အသုံးပြုမရ

၂၀၁၄ မေလကပြီးစီးသော မာန်အောင်မြို့နယ်က MPT တာဝါတိုင် ၆လ ကြာသော်လည်း အသုံးပြုမရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး MPT   တည်ဆောက်နေသော တာဝါတိုင်မှာ ၂၀၁၄ ခုနှစ် မေလအတွင်းက ပြီးစီးခဲ့သော်လည်း ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင်မူမရှိသဖြင့် ယခုအချိန်ထိ အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ထိုသို့ အသုံးပြု၍ မရသဖြင့် ဒေသခံများအနေဖြင့် တယ်လီဖုံးဆက်သွယ်ရာတွင် အခက်အခဲများနှင့် ကြံုတွေ့နေသည်ဟု မေဃဝတီ လူမူကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

narinjara2201

“ MPT တာဝါတိုင်ကို ၂၀၁၃ခုနှစ်အောက်တိုဘာလ မှ စတင်တည်ဆောက်ပါတယ်။ ၂၀၁၄ ခုနှစ် မေလ မှာ ပြီးပါတယ်။ ခုထက်ထိ ဘာစက်ပစ္စည်းမှ မတပ်ဆင်တဲ့ အတွက် ကျွန်တော်တို့ ဒေသက လူတွေ ဖုံးဆက်သွယ်မရဘဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။

မာန်အောင်မြို့နယ်တွင် ဆက်သွယ်ရေး တာဝါတိုင် တစ်ခုသာရှိသေးသဖြင့် မြို့ပေါ်နှင့် နီးစပ်သော ကျေးရွာ များသာ တယ်လီဖုန်းကို အသုံးပြုနိုင်ပြီး ကျန်ကျေးရွာများ ဖုန်းဆက်သွယ်မူ အသုံး မပြုနိုင်သေးကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ သစ်ပုံကျေးရွာနှင့်ဆားချက်ကျေးရွာတွင် တယ်လီဖုန်း MPT တာဝါတိုင် (၂) ခုကို တည်ဆောက်ခဲ့ကြောင်း၊ ပြီးစီးသည်မှာ ၆ လကြာမြှင့်ခဲ့ပြီ ဖြစ်သော်လည်း တယ်လီဖုန်း ဆက်သွယ်မူကို မလုပ်နိုင်သေးကြောင်း မေဃဝတီ လူမူအဖွဲ့ဝင်က ဆက်ပြောသည်။

သို့အတွက် မြန်မာဆက်သွယ်ရေးကကြွေးကြော်နေသော “ မြန်မာပြည်ရှေ့သို့အရောက် လှမ်းချီမဲ့ MPT ဆိုတာ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် ဗမာပြည် အလယ်တရိုး အတွက်  ဟုတ်ချင်ဟုတ်မှာပါ။ ကျနောည်တို့လို တိုင်းရင်းဒေသတွေမှာ ယုံတမ်းစကားဖြစ်မှာပါ’ ဟု ၎င်းက ပြောကြားသည်။

Most read this week