Published
Tuesday, October 21, 2014 - 21:13
DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှထုတ်ပယ်
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှ ထုတ်ပယ်ကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်က စာထုတ်လိုက်သည်။
ယင်းစာထဲ၌ စက်တင်ဘာ ၂၆ရက်က ကျိုက္မရောမြို့အတွင်း ပစ်ခတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ် သည့် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်အား အောက်တိုဘာ ၅ရက်တွင် ဌာနချုပ်က ဖုန်းဆက်ကာ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ ရှင်းလင်းခြင်း၊ လာရောက်ဆက်သွယ်ခြင်း၊ သတင်းပို့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့သဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပါရှိသည်။