တအာင်း တိုင်းရင်းသား နေအိမ် များအား အစိုးရ တပ်မတော် ဝင်ရောက် စစ်ဆေး

တအာင်း တိုင်းရင်းသား နေအိမ် များအား အစိုးရ တပ်မတော် ဝင်ရောက် စစ်ဆေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့ ဆင်ခြေဖုံးရှိ တအာင်း(ပလောင်) တိုင်းရင်းသား လူမျိုးများ နေအိမ်အား အစိုးရ တပ်မတော်မှ ယနေ့ ဝင်ရောက် စစ်ဆေး ခဲ့သည်ဟု ဒေသခံများက ပြော သည်။

၂၀၁၄ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းတည့်ချိန်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်နေ တပ်မ ၈၈ လက်အောက် ခံတပ်ရင်းက နမ့်ခမ်းမြို့နှင့် ကပ်လျက်ရှိသည့် လွယ်ဆာကျေးရွာ ပလောင်လူမျိုးများနေအိမ်အား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

88 d

“အုပ်ချုပ်ရေးမှူးကို ခေါ်လာတယ်။ တအိမ်တက် တအိမ်ဆင်းဘဲ။ ပလောင် လူမျိုးတွေရဲ့ အိမ်ဘဲ စစ်တာ။ ဘာမှ မယူပါဘူး။ သေနတ်တို့ လက်လုပ်ဗုံးတို့ ဖွတ်ထားတယ် ဆိုတဲ့ သတင်းရလို့ တဲ့ဗျာ။ ရိုင်းတော့ရိုင်းတယ်။ ဆက်ဆံရေးက” ဟု စစ်ဆေးခံရသူတဦးက ပြောသည်။

အောက်တိုဘာ ၁၇ ရက်နေ့က နမ့်ခမ်းမြို့၌ လာရောက်အခြေစိုက်သည့် တပ်မ ၈၈ လက်အောက်ခံ စခန်းသစ် စခန်းအား အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တခုက နှစ်ကြိမ် ဝင်ရောက်တိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် မှ ဝင်ရောက် တိုက်ခိုက် သည်၊ ဒေသခံ တအာင်းလူမျိုးများက ထောက်ပံ့မှုပေးခဲ့သည်ဟု တပ်မ ၈၈ ကစွပ်စွဲသည်ဟု ဒေသခံများကပြောသည်။

“ကျနော်တို့က ဘယ်ကသေနတ်သွားယူမှာလဲဗျာ။ အကြမ်းဖက်လဲ ဘယ်လုပ်မလဲ၊ ကျနော် တို့က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူမျိုးတွေ၊ တံတားမပြောနဲ့ တံတားလက်ကိုင်တန်း တောင် မဖျက်ဘူး၊ လူ့အသက် ဆိုဝေလာဝေးပေါ့ ။ တကယ့်ကို ပြဿနာလာရှာတာ” - ဟု တအာင်း ရပ်မိရပ်ဖ တဦးကပြောသည်။

လွယ်ဆာကျေးရွာသည် နမ့်ခမ်းမြို့နှင့် ကပ်လျက်ရှိပြီး အိမ်ခြေ သုံးဆယ်ခန့်ရှိကြောင်း၊ ထိုအနက် တအာင်း လူမျိုးများအိမ် ရ အိမ်ခန့်သာရှိကြောင်း သိရသည်။

Most read this week