ရခိုင်ပြည်နယ် ငါးမြို့ကို ဒီဇင်ဘာလတွင် မီးပေးမည်ဟုဆို

ရခိုင်ပြည်နယ် ငါးမြို့ကို ဒီဇင်ဘာလတွင် မီးပေးမည်ဟုဆို
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၏ မြို့ငါးမြို့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် လျှပ်စစ်မီးပေးမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိ စဉ် ပြောကြားခဲ့သည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးရှိ မြို့နယ် ၁၇ မြို့နယ်ကို လျှပ်စစ်ဓာတ်အား ပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၄၁၉ သန်း၊ ပြည်တွင်းငွေ ၈၈ ဒသမ ၅၀၈ ဘီလီယံ အကုန်အကျခံကာ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်လျက်ရှိသည်ဟု လျှပ်စစ်ဝန်ကြီး၏ ပြောဆိုမှုကို ကိုးကား၍ ပြည်နယ် အစိုးရကဆိုသည်။

“မြို့အားလုံးကို ပေးနိုင်အောင် ကြိုးစားနေတယ်၊ ၂၀၁၅ ဆိုရင်တော့ အားလုံးပေးနိုင်လိမ့်လို့ ဝန်ကြီးပြော တယ်"ဟု ဦးဝင်းမြိုင်ကပြောသည်။

လက်ရှိတွင် အမ်း၊ တောင်ကုတ်၊ သံတွဲ မြို့များသို့သာ ဖြန့်ဖြူပေးထားပြီး ၂၀၁၄ နှစ်ကုန်တွင် ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့များကို ဆက်လက်ဖျန့်ဖြူးပေးမည်ဟုဆိုသည်။

လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်သော သံတွဲမြို့နယ် သာယာကွင်းကျေးရွာမှ ဒေါ်တင်ငွေက ဓမြို့ပေါ်တင်မဟုတ်ဘဲ မြို့နားက ရွာတွေကိုပါ လျှပ်စစ်မီးရဖို့လိုတယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်မှ ထုတ်ယူသော ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံ ယူနမ်မြို့သို့ တစ်ရက်လျှင် ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်လျှက်ရှိပြီး ပြည်တွင်းတွင် ကုဗပေ သန်း တစ်ရာကို ပြည်တွင်းတွင် အသုံးပြုလျှက်ရှိသည်။

ပြည်တွင်း အသုံးပြုသည့် ကုဗပေ သန်းတစ်ရာ အနက် သန်း၂၀ ကို ရခိုင်ပြည်နယ်တွင် အသုံးပြုသွားမည်ဟု အစိုးရက ဇူလိုင် ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် သန်း ၂၀ အနက် ဆယ်သန်းကို အသုံးပြုပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် လျှပ်စစ်မီးရ ရှိရန် ဆောင်ရွက်နေသည်ဟု အောက်တိုဘာ ၁၅ ရက်က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

Most read this week