မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစီးကျင်းပသည့် ကာယ ဗလမောင်/အလှမယ် ပြိုင်ပွဲအား မန္တလေးမြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၄ရက်နေ့က ကျင်းပရာ သျှမ်းမောင်မယ် နှစ်ဦး က ပထမဆုနှင့် ဒုတိယဆု အသီးသီးဆွတ်ခူးရရှိသည်ဟုဆိုသည်။
ကိုယ်ကာယ ဗလမောင်ပြိုင်ပွဲတွင် မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ က ကီလို ရ၀ တန်း ပြိုင်ပွဲတွင်ပထမ၊ ဆုရှင်များ စုပေါင်းပြိုင်ပွဲတွင် ဒုတိယ ရရှိကြောင်းနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု အငယ်တန်း ပြိုင်ပွဲတွင် နန်းလောဝ်ခမ်း ကလည်း ပထမဆု ရရှိခဲ့သည်။
“ပြိုင်ပွဲက ၆၀- ၆၅- ရ၀- ရ၅ နဲ့ ရ၅ ကီလို အထက် စတဲ့ ပြိုင်ပွဲဝင်အတန်းအမျိုးအစား ၅ တန်း ရှိတယ်။ ကျနော်က ရ၀ ကီလိုတန်းမှာ ပြိုင်တာ။ ရ၀ ကီလို အတန်းမှာ ကျနော်က ပထမ ရတယ်။ အဒီအတန်း ပထမ ဆု ၅ ယောက် မှာတော့ ကျနော်က ဒုတိယ ဆုပါ” စိုင်းဟင်ပေါင်း က ပြောသည်။
ထို့အတူ မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောဝ်ခမ်းက “၂၀၁၃ ခုနှစ်လပိုင်းမှာ ဒုတိယဆု၊ ၂၀၁၄ ခု ဂျွန်လ ရွှေမန်းမယ်ပြိုင်ပွဲမှာ ပထမဆု ရခဲ့ပါတယ်။ ဒီ ၂၀၁၄ ဩဂုတ်လတုန်းက တောင်ကြီးမြို့ ဖိတ်ခေါ် ပြိုင်ပွဲတုန်းကတော့ ပြည်နယ်ဆု ဒုတိယဆု၊ ဖိတ်ခေါ်ဆု လဲ ဒုတိယဆု နှစ်ဆုရလာတယ်။ အခုလဲ မြစ်ကြီးနား မှာသွားပြိုင်ဖို့ လူရွေးတော့ အငယ်တန်းမှာ ပထမ ဆုရတာပါ” ဟု ပြောသည်။
စိုင်းဟင်ပေါင်းမှာမူ ရွှေမန်းမောင်ဆု သုံးနှစ်ဆက်တိုက် ပထမ အဆင့်ဆွတ်ခူးရရှိသူဖြစ်သည်။
၎င်းတို့နှစ်ဦးလုံးသည် လာမည့်အောက်တိုဘာ ၂၄ ရက်နေ့ မြစ်ကြီးနားမြို့၌ ကျင်းပမည့် ပြည်နယ် နှင့် တိုင်းပေါင်းစုံ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၌ မန္တလေးတိုင်း ကိုယ်စား သွားရောက် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။