ဦးသိန်းစိန် အစိုးရလက်ထက် ခြောက်ရာခိုင်နှုန်းသာ လျှပ်စစ်တိုးဖြန့်နိုင်

ဦးသိန်းစိန် အစိုးရလက်ထက် ခြောက်ရာခိုင်နှုန်းသာ လျှပ်စစ်တိုးဖြန့်နိုင်
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ နိုင်ငံအတွင်း အိမ်ထောင်စု စုစုပေါင်း၏ ခြောက်ရာခိုင်နှုန်း (အိမ်ထောင်စု ၆၆,၀၀၀) ကိုသာ ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အချက်အလက်များက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိမ်ထောင်စုပေါင်း ၁၁ သန်း၏ ၂၇ရာခိုင်နှုန်း (အိမ်ထောင်စု ၂,၉၇,၀၀၀)အထိ ၂၀၁၀ပြည့်နှစ် မတိုင်မီ လျှပ်စစ်ဓာတ်အားရရှိနေ ပြီး ယင်းနောက်လေးနှစ်ကျော်အတွင်း ယင်းပမာဏသာ တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်။

Electricity-2

လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးကမူ လက်ရှိအစိုးရ လက်ကျန်သက်တမ်းကာလ ၂၀၁၅-၁၆ဘဏ္ဍာ  နှစ် တွင် အိမ်ထောင်စု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်မည် ဟု အောက်တိုဘာ ၁၃ ရက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်တွေမြို့ တွင် တွေ့ဆုံစဉ် ပြောသည်။

ထို့ပြင် ၂၀၃၀ပြည့်နှစ်အရောက် နိုင်ငံအနှံ့ ဒေသအားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် စီစဉ်နေသည် ဟု ၎င်းင်းက ဆိုသည်။ လတ်တလော ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အား ကို ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၅ရုံ၊ ဓာတ်ငွေ့သုံး စက်ရုံ ၁၇ရုံ နှင့် ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံ စုစု ပေါင်း ၄၃ရုံတို့မှ စုစုပေါင်း ဓါတ်အား  ၄,၉၈၇ မဂဝပ် ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ၀န်ကြီးဌာန စာရင်းများက ဆိုသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးရန်လင်းကမူ တစ်နိုင်ငံလုံး လက်ရှိသုံးစွဲနေသည့် မဂ္ဂဝပ်သည် ၁,၈၀၀မှ ၁,၉၀၀ ၀န်းကျင်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် စုစုပေါင်းထုတ် လုပ်နေသည့် မဂ္ဂါ၀ပ်အရပိုလျှံနေသော ၆၂ ရာခိုင်နှုန်းခန့်ကို မည်သို့အသုံးပြုနေ သည်ဆိုခြင်းကိုမူ လျှပ်စစ်စွမ်း အားဝန် ကြီးဌာနက အတည်ပြုပြောဆိုခြင်းရှိပေ။