ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင်စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ဗြိတိန်နိုင်ငံတို ့ က ထိုင်းရဲတပ်ဖွဲ ့အတူ စုံစမ်းရေးတွင် ပါဝင်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၁၄ ရက်ကပြောလိုက်သည်။
သို ့သော်လည်း ထိုင်းရဲတပ်ဖွဲ ့ဖမ်းထားသည့် ဗြိတိန် စုံတွဲအားသတ်ဖြတ်မှုနှင့် ပတ်သက်သည့် တရားခံနှစ်ဦးသည် တရားခံအစစ်များဖြစ်သည်ဟုယုံကြည်ကြောင်း၊ ဗြိတိန်နှင့် မြန်မာနှစ်နိုင်ငံ အနေဖြင့် သံသယများ ရှိပါက ထိုင်းတပ်ဖွဲ ့က သတင်များဖလှယ်သွားရန် အသင့်ရှိပါကြောင်း ဝန်ကြီးချုပ်ပါရာယွတ်ကပြော ခဲ့သည်။
ဗြိတိန်နှင့် မြန်မာနိုင်ငံတို ့မှ သံအမတ်ကြီးများနှင့် ထိုင်းရဲချုပ် ဆွမ်ယော့ပမ်ပန်မောင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန တာဝန်ရှိသူများ ့ဆုံပြီးနောက်တွင် ဝန်ကြီးချုပ်က ယခုကဲ့သို ့ပြောကြားခြင်းဖြစ်သည်။
အမှုကို တရားရုံးတွင် စစ်ဆေးကြားနာချိန်အထိ မြန်မာနှင့် ဗြိတိန်နိုင်ငံတို့မှ ကိုယ်စားလှယ်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း ဆစ်ကပြောသည်။
ဗြိတိန်နှင့်မြန်မာနိုင်ငံမှ သံအမတ်ကြီးများသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ထောက်အမြဲတမ်း အတွင်းဝန် ကီအက်သီကွန်းချက်ပရာဆတ်နှင့် သုံးနာရီကြာတွေ ့ဆုံခဲ့ကြသည်။