ဘင်္ဂလာနယ်စပ်တွင် ယာဘားဆေးပြား သိန်းချီဖမ်းမိ

ဘင်္ဂလာနယ်စပ်တွင် ယာဘားဆေးပြား သိန်းချီဖမ်းမိ
by -
နိရဥ္စရာ

မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလာဒေချ့် နယ်စပ်မြို့ တက်ကနက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် (၄၂) ဘီဂျီဘီ တပ်ရင်းမှ ယာဘားဆေးပြား သိန်းနှင့်ချီပြီး ဖမ်းဆီးရမိသည်ဟု အောက်တိုဘာ ၁၂ရက်နေ့ထုတ် ကော့စ်ဘဇားနယူးတွင် ဖေါ်ပြထားသည်။

ဆေးပြားအရေအတွက် (၁) သိန်း၊ တန်ဖိုးအားဖြင့် ဘင်္ဂလာဒေချ့် တာကာ (၃) ကုဋေ (ကျပ် သိန်း ၃၀၀၀ ကျော်)ခန့် တန်ဖိုးရှိသော ယာဘား (မြင်းဆေးများ)ကို တက်ကနက်မြို့နယ် အမှတ် ရေထိန်းတံခါးအနီးမှ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် (၅) နာရီခွဲအချိန်တွင် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဆေးပြားသယ်ယူလာသူ မူးယစ်မှောင်ခိုသမားများမှာ ထွက်ပြေးသွားသဖြင့် တစ်ဦးတစ်ယောက်ကိုမှ ဖမ်းမိခြင်း မရှိဟု ဆိုသည်။

အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့ ညဉ့်ကလည်း ယင်းနေရာ အနီးတဝိုက်မှ ယာဘားဆေးပြား ၄သောင်း၊ တန်ဖိုးအားဖြင့် တစ်ကုဋေ သိန်း ၂၀ ဖိုးရှိ ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီက ဖမ်းမိခဲ့သည်။

ယင်းဆေးပြားမှာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်က ၀င်ရောက်လာသည်ဟု ဆိုသည်။

Most read this week