ထိုင်းနိုင်ငံရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား နှစ်သန်းအား တရားဝင် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမည်

ထိုင်းနိုင်ငံရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား နှစ်သန်းအား တရားဝင် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမည်
by -
ဇော်ကြီး
ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား နှစ်သန်းအား တရားဝင် အလုပ်သမားလက်မှတ် ပြုလုပ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ တင်ပြချက်အား ကက်ဘိနက်အဖွဲ့က အတည်ပြုလိုက်သည်ဟု မေလ ၂၇ ရက်နေ့ထုတ် The Nation သတင်း တရပ်၌ ဖော်ပြပါရှိ ...

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား နှစ်သန်းအား တရားဝင် အလုပ်သမားလက်မှတ် ပြုလုပ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ တင်ပြချက်အား ကက်ဘိနက်အဖွဲ့က အတည်ပြုလိုက်သည်ဟု မေလ ၂၇ ရက်နေ့ထုတ် The Nation သတင်း တရပ်၌ ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာ၊ လောနှင့် ကမ္ဘာဒီးယား နိုင်ငံတို့မှ လာရောက်အလုပ်လုပ် ကိုင်နေသည့် အလုပ်သမား များအား ပြုလုပ်ပေးမည်ဟု ဖော်ပြပါရှိသည်။

ထိုင်းအစိုးရ ကက်ဘိနက် ထိပ်သီးအစည်းအဝေး၏ အတည်ပြုချက်အရ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်း တွင် သက်ဆိုင်ရာ ဒေသအသီးသီး၌ ထပ်မံသက်တမ်းတိုး မြင့်သွားရန် လိုအပ်သည်ဟု သဘောတူဆုံးဖြတ် ခဲ့သည်။

မည်သည့်အချိန်မှစတင်၍ ပြုလုပ်ပေးမည်ကို အတိအကျ မသိရသေးဟု အခြေခံလူထု လူ့အခွင့်အရေး ပညာပေး ဌာန GHRE လက်ထောက် ဒါရိုက်တာ မပိုပိုက ယခုလို အတည်ပြုပြောသည်။

“သူတို့ပြောတာတော့ လတ်တလောရှိနေတဲ့ တရားမဝင် အလုပ်သမားတွေကို မှတ်ပုံတင် နိုင်ဖို့ရန် အ တွက် သူတို့ကြိုးစားသွားမယ် အလုပ်သမားတွေအနေနဲ့ကလည်း ဆက်ပြီးတော့ မှတ်ပုံတင်သွား ကြပါ။ ၂ဝ၁ဝ ဖေဖော်ဝါရီအထိ သူတို့လက်ခံသွားမယ်။ အဲဒီနောက်ပိုင်းမှာတော့ လုံးဝ ဒီတရားမဝင် အလုပ် သမားတွေဝင်ရောက်မှုနဲ့ တရားမဝင်အလုပ်သမားတွေ ရှိနေမယ်ဆို ရင်လည်း သူတို့က တင်းကြပ်တဲ့ ဖမ်းဆီးမှုတွေနဲ့ လုပ်သွားမယ်ဆိုပြီးမှ ဒီအလုပ်သမား ဝန်ကြီးဌာနက တင်ပြတဲ့ဟာကို အစိုးရ ကက်ဘိ နက် အဖွဲ့ကနေပြီးတော့ အတည်ပြုပေးတယ်လို့ ပြောတယ်ရှင့်။”

အလုပ်သမားမှတ်ပုံတင်ပြုလုပ်ပေးရန် အတည်ပြုပြီးသော်လည်း လုပ်ကိုင်ရမည့် အသေးစိတ် အချက်အလက် နှင့်ပတ်သက်၍ သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရုံးများသို့ အကြောင်းကြားမှု မရှိသေးဟု မက်ဖောင်ဒေးရှင်းမှ ကိုဂျိုးက ယခုလိုပြောသည်။

“ဝန်ကြီးဌာနက သူတို့အစည်းဝေးလုပ်တော့ သူတို့ ဇူလိုင်လမှာလုပ်မှာတော့ သေချာတယ် တဲ့။ ဒါပေ မယ့် အသေးစိတ်ကတော့ သူတို့ အော်ဒါ မဆင်းလာသေးဘူးတဲ့။ အော်ဒါဆိုတာ က ဥပမာ အဟောင်း ရှိပြီးသားလူတွေက ကျသွားတဲ့သူတွေလေ၊ extension မလုပ်ပဲနဲ့ ကျနေတဲ့သူတွေ အတွက်ကဘယ် လိုလုပ်မလဲ မရှိသေးတဲ့သူတွေကျတော့၊ ပုံစံထောရော ဆမ်ဆစ်ပျက် ဆိုတဲ့ ယာယီနေထိုင်ခွင့် လက်မှတ်အတွက် သူတို့ ဘယ်လိုစပြီးတော့ registration လုပ်မလဲပေ့ါလေ။ အသေးစိတ်မသိရသေး ဘူး။ ဇူလိုင်လမှ သ်ိရမှာ။ အဲ မြို့နယ်တွေအကုန်လုံးကို သူတို့အော်ဒါ ပေးလိမ့်မယ်လေ။”

ယခုလ ၁၉ရက်နှင့် ၂ဝ ရက်နေ့ကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် ပတ်သက်သည့် ဆဋ္ဌမ အကြိမ်မြောက် ထိုင်း-မြန်မာအစည်းအဝေးတရပ်ကို နေပြည်တော်ရှိ ရွှေနန်းတော်ဟော်တယ်၌ ကျင်းပခဲ့ပြီး ထိုင်း နိုင်ငံအတွင်းရှိ တရားမဝင် မြန်မာအလုပ် သမားများအား တရားဝင်ဖြစ်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု မြန်မာ စစ်အစိုးရ နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

Most read this week