အိန္ဒိယ – မြန်မာနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်တွင် CNDP ရုံးခွဲဖွင့်လှစ်မည်

အိန္ဒိယ – မြန်မာနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်တွင် CNDP ရုံးခွဲဖွင့်လှစ်မည်
by -
ခိုနူမ်းသုန်

အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ သစ်တွင် ယခင် Chin National Party ( CNP) ခေါ် Chin National Democratic Party( CNDP) ရုံးခွဲ ဖွင့်လှစ်ရန် အောက်တိုဘာလ ရရက်နေ့က ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရိဒ်ခေါ်ဒါရ်မြို့နယ်ခွဲ CNDP ဗဟိုအလုပ် အမှုဆောင်ကော်မီတီကို ဖွဲ့စည်းခဲ့ကြ ရာမှာ ဥက္ကဌအဖြစ် Pu BawiLianVung၊ ဒုတိယ ဥက္ကဌ Pu Ceua နှင့် Pu LianVung၊ အတွင်းရေးမှူးအဖြစ် Pu AungTun နှင့် အတူ စုစုပေါင်း (၁၆) ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

“အခု ကော်မီတီမှာက ယခင် Chin Progressive Party ကနေ ပြောင်းလာသူတွေများတယ်၊ သူတို့ မကြာခင် ရုံးဖွင့်ဖို့ ဆုံးဖြတ်ထားကြတယ်” ဟု အစည်းအဝေးတွင် လေ့လာသူ အဖြစ် တက်ရောက်သည့် ကိုထွန်းအောင်က ခိုနုမ်းသုန်ကို ပြောသည်။

CNDP သည် ချင်းပြည်နယ် (၉) မြို့နယ်စလုံးအပြင် ချင်းလူမျိုးများ နေထိုင်ရာ  ချင်းပြည်နယ်ပြင်ပ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း မြို့နယ် တချို့တွင် ရုံးများကို ဖွင့်လှစ်ခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေ ပြီဖြစ်သည်ဟု သိရသည်။

လက်ရှိ ရိဒ်ခေါ်ဒါရ်မြို့နယ်ခွဲ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် CNDP အပါအဝင် NLD, USDP ပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ဖွယ်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် CNDP ( ယခင် CNP ) သည် ချင်းပြည်နယ် အတွင်း ပြည်သူ့လွှတ် ကိုယ် စားလှယ် (၉) နေရာအနက် (၂) နေရာ ၊ လူမျိုးစု လွှတ်တော်ကိုယ်စား လှယ် (၁၂) နေရာအနက် (၂) နေရာ၊ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် (၁၈) နေရာ အနက် (၅) နေရာ အသီးသီးရရှိထားသည်။

ချင်းပြည်နယ်တွင် Chin National Democratic Party ၊ Chin Progressive Party ၊ Ethnic Nationalities Development Party ၊ Zomi Democratic Party၊ Asho Chin National Party ၊ Khumi National Party၊ Chin League for Democracy Party စသည့် ချင်းနိုင်ငံရေးပါတီများ ဖွဲ့စည်းထားကြပြီးဖြစ်သည်။