ပြည်သူကိုယ်တိုင် ဖောက်သည့်လမ်း အသုံးပြုခပေးနေရ

ပြည်သူကိုယ်တိုင် ဖောက်သည့်လမ်း အသုံးပြုခပေးနေရ
by -
မဇ္စျိမ

ဒေသခံတို့ ကိုယ်တိုင်ဖောက်လုပ်ထားသော ငပုတောမြို့၊ ငရုပ်ကောင်း မြို့နယ်ခွဲ၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သစ်ရောင်းကျေးရွာအုပ်စု ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်တစ် စီးလျှင် အသွားအပြန် ကျပ် ၅၀၀ နှုန်း ကောက်ခံနေမှုသည် တရားမျှတမှုမရှိဟု ဒေသခံတို့က ပြောသည်။

သစ်ရောင်းကျေးရွာအုပ်စု အဝင်တွင် ၂၀၁၄ ခုနှစ် ဇွန်လမှ စကာ ဝါးလုံးဖြင့်တား၍ လမ်းအသုံးပြုခ ကောက်ခံနေသည်ဟု ၎င်းတို့က ဆိုသည်။

Road

“ကျန်တဲ့ နေရာတွေမှာတော့ မပေးရဘူး။ လမ်းကိုလည်း အရင်စစ်အစိုးရ ခေတ်က ပြည်သူတွေလုပ်အားပေးနဲ့ ဖောက်ထားတာ။ အခုလမ်းကို ဘယ်သူမှ ပြုပြင်တာလည်း မဟုတ်ဘူး” ဟု သစ်ရာ ကျောင်းကျေးရွာနေ ဦးမောင်ကံက ပြောသည်။

ယင်းသို့ ငွေကြေးကောက်ခံနေသော်လည်း လုံလောက်သည့် လမ်းပြု ပြင်မှုမရှိဟု ဒေသခံ ဦးသန်းညွန့်က ဆိုသည်။“လမ်းကောင်းအောင်ပြုပြင်ပေးတာ၊ ကြပ်မတ်ဆောင်ရွက်တာမျိုး လည်းမရှိဘူး” ဟု ၎င်းက ပြော သည်။

“ပြည်သူတွေ သူတို့ဖောက်ထားတယ်။ လမ်းကို အခွန်ပေးမှာ ဖြတ်သန်းနေရသလိုလည်း ဖြစ်နေတယ်။ အခုလိုကောက်ခံခွင့်လည်း မရှိဘူး၊ အခုလိုလုပ်တာကို သက်ဆိုင်ရာကို မေးမြန်းပြီး ပြည်သူအတွက် ဆောင်ရွက်သွားမှာပါ” ဟု ငပုတောမြို့နယ် တိုင်းကိုယ်စားလှယ် ဦးအေးကြည်က ဆိုသည်။

ငရုပ်ကောင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးလင်းအောင်ကမူ လမ်းပြုပြင်နိုင်ရန် ငွေကြေးကောက်ခံမှု ခွင့်ပြု ထားသည်ဟု ပြောသည်။ “ကျေးရွာပြည်သူတွေအတွက် ကောင်းအောင် လုပ်ပေးတာပါ။ ကျေးရွာအုပ်ချုပ် ရေးပိုင်းက လမ်းကောင်းအောင်ပြုလုပ်မယ်ဆိုလို့ ခွင့်ပြုပေးထားတာပါ” ဟု ဆိုသည်။

သစ်ရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ငရုပ်ကောင်း မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၏ ညွွှှန်ကြားချက်ဖြင့် လမ်းလေလံခကျပ် ၁၃ သိန်း ကောက်ခံသည်ဟု ပြောသည်။