NLD ပါတီ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးအင်အားစု တည်ထောင်

NLD ပါတီ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးအင်အားစု တည်ထောင်
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများက ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့အမည်ဖြင့် နိုင်ငံရေးအင်အားစု တစ်ရပ်တည်ထောင်ကာ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၂၇ ရက် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒသန်ခန်းမတွင် ပြင်ပရောက် NLD ပါတီ အဖွဲ့ဝင်ဟောင်း များ တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

NLD-1

“လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ဆောင်ရွက်လာမှာပါ၊ ကျွန်တော်တို့က NLD နဲ့ သက်ဆိုင်မှာတော့ မဟုတ်ပါဘူး” ဟု ယင်းအဖွဲ့၏ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က မဇ္စျိမကို ပြောသည်။

ယင်းအဖွဲ့က အရေးကြီးလုပ်ငန်းစဉ်အနေဖြင့် အမျိုးသားရေးတန်းတူညီမျှသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကို အဓိကဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွင်လည်း စစ်မှန်သော ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်ရန် အစိုးရကို တွန်းအားပေးသွားမည်ဟု ဆိုသည်။

“ပျံ့ကျဲနေတဲ့အခါ ကျွန်တော်တို့တွန်းတာရှေ့မရောက်ဘူး” ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သည် NLD ပါတီ အဖွဲ့ဝင်ဟောင်း ဦးသန့်ဇော်က ပြောသည်။

ကျောင်းသားသမဂ္ဂများ လွှတ်လပ်စွာဖွဲ့စည်းနိုင်ရေး ၊မှန်ကန်သည့် ပညာရေးစနစ် ပေါ်ပေါက်လာရေး၊ တောင်သူလယ်သမားတို့ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြံုရေးကို အာမခံသည့် ဥပဒေများ ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းတွင် အဖွဲ့ဝင် ၄၅ ဦးပါဝင်ပြီး ဟိုအလုပ်မှုဆောင် ၁၇ ဦးပါဝင်သည်။

Most read this week