ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အရေးယူတော့မည်

ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အရေးယူတော့မည်
by -
ခိုနူမ်းထုန်

၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှ စပြီး ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးသူများကို သက်ဆိုင်ရာမှ တရားဝင်အရေးယူမှုပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့က ကီမိုခန်းမတွင် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တ ရားသူကြီး၊ မြို့နယ် ဥပဒေအရာရှိတို့ ပါ၀င်စေလျက် ဒေသခံပြည်သူများ ရ၀ ခန့်တက်ရောက်သည့် ယာဉ်စည်း ကမ်းထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ ရာမှာ  ယခုကဲ့သို့ အသိပေးပြောကြား လိုက်ခြင်းဖြစ် သည်။

DSC01381

မြို့နယ်ရဲတပ်ဖွဲ့မှူးက ယာဉ်စည်းကမ်းနှင့် ပါတ်သက််ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၂၅/၉/၂၀၁၄နေ့ ထုတ်ပြန်သည့် အမိန် ့စာကို ဖတ်ကြားပြီးနောက် ယာဉ်စည်းကမ်းများကို အသေး စိပ်ရှင်းလင်းပြီး ၂၉/၉/၂၀၁၄နေ့မှ စပြီး အမိန့်စာအတိုင်း အရေးယူ ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဟောပြောပွဲတက်ရောက်သူတစ်ဦးက “ အခုဟောပြောပွဲက လိုင်စင်မဲ့ ဆိုင်ကယ်တွေ ကို  ဖမ်းဆီး မည့် သတိပေးချက်လို့ပဲမြင်ပါတယ်၊ တက်ရောက်သူတွေ ကို ဆွေးနွေး ခွင့်လည်း မပေးဘူးဗျ၊ မြို့နယ်အုပ် ချုပ်ရေးမှူး တို့က အစ လိုင်စင်မဲ့ဆိုင်ကယ်ကို အိမ်ထဲသွင်း ပြီး သေသေချာချာ သိမ်းဆည်းဖို့ ပဲပြောတယ်” ဟု ပြောသည်။

ပလက်ဝမြို့ပေါ်တွင် အစိုးရဝန်ထမ်း၊ ဌာနဆိုင်ရာ အရာရှိများ နှင့် ဒေသခံပြည်သူများသည် လိုင်စင်မဲ့ ဆိုင်ကယ်သာ အ သုံးပြုကြပြီး မြို့ပေါ်တွင် ဆိုင်ကယ် စီးရေ ၁၀၀ ခန့်ရှိသည့် အနက် ၁၀ စီးခန့်သာ လိုင်စင်ရှိကြောင်း အာဏာပိုင်များ အနေဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို တရားဝင် လိုင်စင်ပြုလုပ်ပေး သင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

“အာဏာပိုင်တွေလုပ်ပုံက ကျေနပ်စရာမရှိဘူး၊ ဆိုင်ကယ်လိုင်စင်တွေ အရင်လုပ်ပေးသင့်တယ်၊ တဖက်က နေကြည့်ရင်် လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး တရားဝင် ငွေရပေါက် ရှာတာနဲ့ အတူတူပဲ” ဟု ဆိုင်ကယ်ပိုင်ရှင် တစ်ဦး က ပြော သည်။

ပလက်ဝမြို ့နယ် နှင့် နယ်ချင်းစပ် ရခိုင်ပြည်နယ် ကျောက်တော်မြို ့တွင်မူ ဒေသခံပြည်သူများ အတွက် ပြည်နယ်အစိုးရမှ တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ယာဉ်လိုင်စင်များ ပြုလုပ်ပေးနေသည့် အချိန်တွင် ချင်းပြည်နယ် ပလက်ဝမြို့တွင်မူ တစ်ကြိမ်တခါမျှ လုပ်ပေးခြင်းမရှိကြောင်း ဒေသခံ များက ပြောသည်။