မန္တလေးတောင်တော်ပိုင်မြေတွင် ၉၅ တပ်က အဆောက်အအုံ ဆောက်လုပ်ခြင်းကို ပြည်ထောင်စု အစိုးရသို့ တင်ပြမည်

မန္တလေးတောင်တော်ပိုင်မြေတွင် ၉၅ တပ်က အဆောက်အအုံ ဆောက်လုပ်ခြင်းကို ပြည်ထောင်စု အစိုးရသို့ တင်ပြမည်
by -
မဇ္စျိမ

မန္တလေးတောင် အရှေ့ဘက်တွင် တောင်တော်ပိုင်မြေပေါ်၍ အမှတ်-၉၅ ခြေလျင်တပ်ရင်းမှ အရာရှိများ နေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသွားရန် စီစဉ် နေသည်ဟု တောင်တော်အုပ်ချုပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးခန္တီကျောင်းတိုက်က ဦးဉာဏဝံသ (သာသနာ့ဓဇဓမ္မာစရိယ) မဇ္ဈိမကို မိန့်ကြားသည်။

“ဘုန်းကြီးတို့ အစိုးရအဖွဲ့ကို တင်ပြဖို့ စီစဉ်နေတယ်။ အမြန်ဆုံးလုပ်သွားမယ်။ စစ်တပ်နဲ့ သာသနာ့နယ်မြေ ဘာမှမဆိုင်ဘူး။ အရပ်သားစစ်စစ် အစိုးရတက်လာမှပဲ ဒါတွေက အလိုလိုပြီးသွားမယ်” ဟု ဆရာတော် က မိန့်သည်။

Mandalay

မန္တလေးတောင်တော်ပိုင် သာသနာ့ နယ်မြေပေါ်သို့ ၁၉၉၂ ခုနှစ်ခန့်မှ စတင်၍ အဆောက်အအုံများကို တိုးချဲ့တည် ဆောက်နေပြီး ထိုသို့ တည်ဆောက်ရာတွင် တောင်တော် အုပ်ချုပ်ရေးအဖွဲ့သို့ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း ဆရာတော်က မိန့်သည်။

“ပိုင်တယ် မပိုင်ဘူးဆိုတာ သူတို့လက်ထဲမှာပဲ။ သူတို့ တပ်ပိုင်မြေထဲ ဘုန်းကြီးတို့ ၀င်ပြီးဆောက်ကြည့်ပါလား။ သူတို့ ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး” ဟု ဆရာတော်က မိန့်သည်။

တောင်တော် ဂေါပကသည် စစ်တပ်က ထပ်မံ၍ အဆောက်အအုံများ တည်ဆောက်နေသည်ကို မသိကြောင်းနှင့် ဂေါပက ပြန်လည်ဖွဲ့စည်းထားသည်မှာလည်း မကြာသေး၍ တစ်စုံတစ်ရာ သုံးသပ်ပြောဆိုဖို့ ခက်သည်ဟု အမည်အဖော်လိုသည့် ဂေါပက အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တောင်တော်ပိုင် သာသနာ့ေြ့မပေါ်၍ စည်ပင်သာယာရေး ကော်မတီကလည်း ခွေးဂေဟာ တည် ဆောက်ထားပြီး အဆိုပါ နေရာမှာ ခွေးများ မရှိတော့ဘဲ စည်ပင်ဝန်ထမ်းများ နေထိုင်လျက်ရှိသည် ဟုဆို သည်။

ယင်းနေရာများ အားလုံးကို သာသနာ့ မြေပြန်လည်ဖြစ်စေရန် ပြည်ထောင်စုအစိုးရ အဖွဲ့ထံတင်ပြသွား မည်ဟု ဆရာတော်များက မိန့်သည်။

တောင်တော်ပိုင် သာသနာ့နယ်မြေပေါ်သို့ စစ်တပ်က အဆောက်အအုံများ ဆောက်ထားမှုကို မဇ္ဈိမက ဓာတ်ပုံရိုက်ရာတွင်လည်း အဆိုပါနေရာသည် အာမီဇုန် (တပ်မြေ) ဖြစ်သောကြောင့် ဓာတ်ပုံရိုက်ခွင့် မရှိကြောင်း အဆိုနေရာတွင် တာဝန်ကျနေသော တပ်ကြပ်ကြီး အောင်မြင့်ထူးက ပြောသည်။

အဆိုပါနေရာတွင် အဆောက်အအုံများ တည်ဆောက်ထားမှုနှင့် ပတ်သက်၍ အမှတ်-၉၅ ခြေလျင်တပ်ရင်း မှ အမည်မဖော်လိုသည့် ဗိုလ်မှူးတစ်ဦးက “ကျွန်တော်တို့ ပိုင်တဲ့ မြေနေရာမို့ ဆောက်နေတာပါ။ ကျွန်တော်တို့ဆီကိုတော့ ကန့်ကွက်တာတို့ ဘာတို့တော့ မရှိသေးဘူး။ တောင်တော် အုပ်ချုပ်ရေးအဖွဲ့ကို နယ်နိမိတ်နဲ့ ပတ်သက်ပြီးမေးလိုက်ဦးမယ်။ ကျန်တာတော့ မသိဘူး။ ကျွန်တော် တစ်ယောက်တည်းလည်း ဆုံးဖြတ်လို့မရဘူး” ဟု မဇ္ဈိမကို ပြန်လည်ဖြေကြားသည်။

Most read this week