ဦးရဲထွဋ် ပြောဆိုမှုအချက်အလက်စု၍ တုံ့ပြန်ရန် ဦးခင်အောင်မြင့်စီစဉ်

ဦးရဲထွဋ် ပြောဆိုမှုအချက်အလက်စု၍ တုံ့ပြန်ရန် ဦးခင်အောင်မြင့်စီစဉ်
by -
မဇ္စျိမ

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းမမီသည့် အချက်အလက်များစုဆောင်းပြီး အမျိုးသားလွှတ်တော်မှ သမ္မတထံသို့ တိုက်ရိုက်တင်ပို့ သွားမည်ဖြစ်သည့်အတွက် သီတင်းကျွတ်ကာလ အပြီး လွှတ်တော်ညွှန် ကြားရေးမှူးချုပ်ထံ ပေးပို့ရန် ပန်ကြားလွှာထုတ်ခဲ့သည်။

“အထောက်အထားရှိတယ်၊ ခုပေးလို့ ရတယ်။ တော်တော်ကို ဖြစ်ကတတ်ဆန်း ဆောက်သွားတာ။ အထောက်အထားတွေ အများကြီးရှိတယ်”ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ အချက်အလက်အတိ အကျဖြင့် ထောက်ပြဝေ ဖန်ပေးရန် ပြန်လည် ဖြေကြားမှုအပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြန်လည်တုံ့ပြန် ခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

“သူ (ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်) ပြောတာက သမ္မတကို ကိုယ်စားပြုတယ်လို့ မှတ်ယူသင့်တယ်။ ဆီး သီးဗန်းမှောက်တဲ့ ကိစ္စက ကန်ထရိုက်တွေကိုပြောတာ အဲဒါကို အစိုးရအဖွဲ့က နာနေတာ” ဟု ဦးလှဆွေ က ဆက်ပြောသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း မကိုက်သည်ကိုတွေ့ရှိပါက ဆောက်လုပ် သည့် ကုမ္ပဏီ၊ အဖွဲ့အစည်း ဓာတ်ပုံမှတ်တမ်း၊ အထောက်အထား စသည်ဖြင့် အချက်အလက် အတိအကျ ရယူပြီး အမျိုးသားလွှတ်တော်ကို ပို့ရမည်ဖြစ်သည်။

“ဥပမာ သိန်း ၁၀၀ ပေးထားရင် တန်လား၊ မတန်ဘူးလားကို ပစ္စည်းအရည် အသွေးက အစပေါ့။အထောက်အထားနဲ့ တောင်းလာတော့ အထောက်အထားနဲ့ ပေးရမယ်။ ကိုယ့် မဲဆန္ဒနယ်မှာရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို ကြည့်ရမယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ပေးပို့လာသည့် အချက်အလက်များကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် သမ္မတထံသို့ ပေးပို့သွား မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနကို နိုင်ငံတော်ဘတ်ဂျက်များ သုံးလေးဆအထိ တိုးမြှင့် ပေးထားသော်လည်း အဆောက်အအုံများဆောက်လုပ်ရာတွင် စံချိန်စံညွှန်း မမီသည့်အတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျောင်းဆောင်သစ် ဆောက်လုပ်မှုများနဲ့ ပတ်သက်ပြီး ခါတော်မီ ကုမ္ပဏီများကြောင့် ဆိုကြမယ် ပျော်ကြမယ် လွှတ်တော်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

အထက်ပါကိစ္စများနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြည်ထောင် စုလွှတ်တော် ကျမ်းသစ္စာ ကျိန်ဆိုပြီးချိန်တွင် “အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီး အနေနဲ့ ဝေဖန်ထောက်ပြ ချင်တယ်ဆိုတာ မှန်ပါတယ်။သို့သော် ဝေဖန်ထောက်ပြတဲ့နေရာ ပိုပြီးတော့ တိတိကျကျပြောရင် ကောင်းတာပေါ့” ဟု မီဒီယာများကို ပြောသည်။

ထိုသို့ပြောဆိုပြီး နောက်ပိုင်း အမျိုးသားလွှတ်ကိုယ်စားလှယ်များထံ လွှတ်တော် ဥက္ကဋ္ဌက ပန်ကြားလွှာ ထုတ်ခဲ့ခြင်းဖြစ်သည်။

Most read this week