ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအပေါ် သူတို့အမြင်

ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအပေါ် သူတို့အမြင်
by -
မဇ္စျိမ

အမျိုးသမီးလမ်းလျှောက်အဖွဲ့မှ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ကွန်ယက်ရေးရာတာ ၀န်ခံ ဒေါ်မြင့်မြင့်အေး အခုလိုမျိုး လုပ်တဲ့အတွက် လူထုတွေက ပိုစိတ်ဝင်စားတယ်။ ပိုစိတ်ဝင်စားတဲ့အတွက် အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ စည်းလုံးမှုကို ကြည့်ပြီးတော့ အမျိုးသမီးတွေအတွက် တောင်းဆိုတဲ့ ကိစ္စတွေကို ပိုမိုလိုက်လျောလာနိုင်တယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးကိုလည်း ပိုပြီးတောင်းဆိုရတာ လွယ်ကူတယ်။

Peace-International-Day-03

ကိုတင်ကိုကို (မကြာမီက အမျိုးသားချင်း လက်ထက်ခဲ့သူ)

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စမို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါက အမျိုးသမီးအတွက် အခွင့်အရေးကို တောင်းဆိုရင်း LGP (အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယဉ်တဲ့ ကျွန်တော်တို့လို လူမျိုးတွေအတွက်လည်း တန်းတူအခွင့်အရေးတွေ ရရှိမယ်လို့ ထင်ပါတယ်။

နော်ပိုးနဒီ (အသက် ၁၆ နှစ်)

ဒီပွဲအတွက် ဘော်လန်ဒီယာ လာလုပ်နေတာပါ။ ဒီလိုမျိုး အမျိုးသမီးတွေ တောင်းဆိုပြီး လှုပ်ရှားမှုတွေ လုပ်တယ်ဆိုတာက တတ်နိုင်တဲ့ ဘက်က တောင်းဆိုနေတာပါ။ အခုချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးတွေ မရရှိသေးပါဘူး။ အမျိုးသမီးတွေအနေနဲ့ စွမ်းဆောင်နိုင်တာတွေလည်း အများကြီးရှိပါတယ်။ အဲလို တန်းတူအခွင့်အရေးတွေ ရရှိဖို့အတွက် ဒီလိုမျိုးတွေလုပ်ပြီး တောင်းဆိုနေကြတာပါ။

နော်ဆူဇန်နာလှလှစိုး (ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ကော်မတီဝင်)

အခုကတော့ လမ်းလျှောက်လာကြတာပဲ။ ရုတ်တရက်တော့ လန့်သွားကြလိမ့်မယ်။ ဘာတွေလုပ်နေကြ တာလဲပေါ့။ ဒါပေမယ့် ဆိုင်းဘုတ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆိုင်းဘုတ်တွေ ပါတော့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြတာမှန်း လူထုက သိကြမှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အနေနဲ့ ပါဝင်မှုကတော့ အစိုးရဘက်ကဆိုရင် လုံးဝကို မရှိသေးပါဘူး။

နော်ပဇော်ဖော် (သံတောင်မြို့နယ်မှ လာသူ)

အခုလာတာက မြန်မာနိုင်ငံ အမျိုးသမီးများ ငြိမ်းချမ်းဖို့ အတူတကွ တောင်းဆိုဖို့ လာတာပါ။ ရွာကို ပြန်ရောက်ရင် ရွာအတွက်၊ အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကရင်မှာ ငြိမ်းချမ်းရေးရနေပေမယ့် ကျောင်းသူ/သားတွေအတွက် ပညာရေးအဆင့်အတန်းကတော့ အရမ်းကို နိမ့်ကျနေပါသေးတယ်။