AZG အနေဖြင့် ဆေးကောင်စီလက်မှတ်မပါဘဲ ရခိုင်တွင် ကုသမှုမပြုလုပ်ရန် ECC အဖွဲ့တောင်းဆို

AZG အနေဖြင့် ဆေးကောင်စီလက်မှတ်မပါဘဲ ရခိုင်တွင် ကုသမှုမပြုလုပ်ရန် ECC အဖွဲ့တောင်းဆို
by -
နိရဥ္စရာ

AZG/MSF နယ်စည်းမခြား ဆရာဝန် အဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်မည် ဆိုပါက ဆေးကောင်စီ၏ လက်မှတ်မပါဘဲ ကုသမှုမပြုလုုပ်ရန် ရခိုင်ပြည်နယ် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့က AZG/MSF ထံ စက်တင်ဘာလ ၁၉ ရက်နေ့က စစ်တွေမြို့တွင် တောင်းဆိုလိုက်သည်။

AZG/MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီး အချို့အပါအဝင် (ECC)မှ တာဝန်ရှိသူများနှင့် ECC ရုံးခန်းတွင် စက်တင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် က တွေ့ဆုံပွဲတွင် ယခုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

MSF-kicked-Out-Sittwe-Protest

“မြန်မာနိုင်ငံဆေးကောင်စီရဲ့လက်မှတ်မပါဘဲ ဆေးထိုးမပေးနဲ့။ ဥပမာ Nurse လုပ်ချင် တယ်ဆိုလည်း မြန််မာနိုင်ငံ Nurse ရဲ့လက်မှတ်ပါရမယ်ပေါ့။ လူသားတွေကို Test မလုပ်နဲ့။ ကျွန်တော်တို ့ကြားထားတာ တွေရှိတယ်။ ခင်ဗျားတို့လုပ်တယ်လို့ ကျွန်တော်တို့ပြောလိုတာ မဟုတ်ဘူး။ လူသားကို အစမ်းသပ်ခံ ပစ္စည်း အဖြစ် အသုံးမပြုနဲ့ဆိုပြီးပြောလိုက်တယ်” ဟု ဦးသာပွင့်က AZG/MSF ထံတောင််းဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး မီဒီယာများသို့ ထုတ်ဖော်ပြောကြားသည်။

ယခုတောင်းဆိုလိုက်သည့်အချက်အပါအဝင် AZG/MSF အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးကိစ္စများ ဆက်လက် အကူအညီပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံရေး၌ပါဝင်ပတ်သက် မှုမပြုလုပ်ရန်နှင့် ယင်းအဖွဲ့၏ ပြည်နယ်တွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဒေသခံများအား ပွင့်လင်းမြင်သာစွာချပြပြီးမှလုပ်ဆောင်ရန် စသည့် အချက်များ ကိုလည်း တောင်းဆိုခဲ့ကြောင်း ထို တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူများ ၏ပြောပြချက်အရ သိရသည်။

ယင်းသို့တောင်းဆိုချက်ကို AZG/MSF က လိုက်လျောပေးမည်ဟု AZG/MSF ၏ မြန်မာ နိုင်ငံဆိုင်ရာ ဒုတိယ ဌာနေ ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ်် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းတို့က ကတိပြုပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများက ပြောသည်။

ယင်းနေ့ကရောက်ရှိလာသည့် AZG/MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စား လှယ်မှာ ECC မှ တာဝန် ရှိသူများနှင့်လာရောက်မိတ်ဆက်သည့်သဘောမျိုး လာရောက်ခဲ့ခြင်းသာ ဖြစ်ပြီး ယင်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် အတွင်းမည်သို့ဆက်လက် လုပ်ဆောင်သွားမည်ဆိုသည့်် plan ကိုချပြဆွေးနွေးခြင်း မဟုတ်သေးကြောင်း ထိုတွေ့ဆုံပွဲသို့့ တက်ရောက်ခဲ့သူများ၏ပြောပြ ချက်အရ သိရသည်။

“သူတို့တွေ နောက်တစ်ခေါက်ပြန်လာမှ ရှေ့ဆက်လုပ်မယ့် plan တွေကိုချပြမယ်။ ဒါပေမယ့် ဘယ်တော့ ပြန်လာမယ် ဆိုတာပြောမသွားခဲ့ဘူး”ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

AZG/MSF အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမျိုးစုနှစ်ခုအပေါ် ဘက်လိုက်ဆောင်ရွက် သည်ဟုဆိုကာ ရခိုင် ဒေသခံများက ယင်းအဖွဲ့ကိုအလိုမရှိကြောင်း အကြိမ်ကြိမ်ဆန္ဒပြ တောင်းဆို ထားကြသည့်အပြင် ယင်းအဖွဲ့ ရခိုင်ပြည်ကထွက်သွားစေရန်အတွက်လည်း သမ္မတအထိ စာပို့ တောင်းဆိုထားပြီးဖြစ်ကြောင်း သိရသည်။

“AZG ကို ရခိုင်တွေမကျေနပ်တာက အဓိကနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ပေါက်တောမြို့နယ် မူဆလင် ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီတွေ လူစုနေတာကို ရဲက သေနတ်ဖောက်လူစုခွဲတယ်။ အစိုးရနဲ့ဘင်္ဂါလီဖြစ်တာ ကို ရခိုင်နဲ့ ဘင်္ဂါလီ ဖြစ်တယ်ဆိုပြီး မမှန်သတင်းလွှင့်တယ်။ နောက်ပြီး ဘင်္ဂါလီတွေသတ်လို့ သေသွားတဲ့ မောင်တော ဒုချီးရားတန်းက ရဲတပ်ကြပ်ကြီး သေဆုံးတဲ့ကိစ္စမှာ ရခိုင်တွေက ဘင်္ဂါလီ တွေကို အနိုင်ကျင့် နေပါတယ်ဆိုပြီး မမှန်သတင်းလွှင့်တယ် ” ဟု ဒုချီးရားတန်းဖြစ်စဉ်အစီရင်ခံစာ ရေးသွင်းရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်ပါဝင်ခဲ့သူ စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်က ပြောသည်။

ယင်းကဲ့သို့ ရခိုင်ဒေသခံများအလိုမရှိဖြစ်နေသော AZG/MSF ကို ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် ကျန်းမာရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က နေပြည်တော်တွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန် လွှာ (MOU)လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က AZG အနေဖြင့် ပြည်ထောင်စုအစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်သော်လည်း ယင်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် လုပ်ကိုင်မည်ဆိုပါက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးရဦးမည်ဖြစ်သည့် အပြင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် လုပ်ကိုင််မည့် NGO/INGO အဖွဲ့များ၏လုပ်ဆောင်ချက် များကိုစောင့်ကြည့်ရန် ရခိုင်လူထု ကိုယ်စားပြု ဖွဲ့စည်း ထားသော ရခိုင်ပြည်နယ်၊ အရေးပေါ်ပေါင်း စပ်ညှိနှိုင်းရေးစင်တာ (ECC)၏အဆုံးအဖြတ်ကိုရရှိမှသာ ပြည်နယ်အတွင်း ဆက်လက်လုပ်ဆောင် ခွင့်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နေပြည်တော်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ထိုးလိုက်သည့် သဘောတူလက်မှတ်ရေးထိုးထားချက်အရ စာချုပ်သက်တမ်း ၂ နှစ်အတွင်း ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် ငှက်ဖျား၊ အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် မိခင်ကလေးစောင့်ရှောက်ရေး လုပ်ငန်းစသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့လုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာ ၂၉ သန်း ရ သိန်းနီးပါး သုံးစွဲသွားမည် ဖြစ်ကြောင်းလည်း စက်တင်ဘာလ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားချက်အရ သိရသည်။

Most read this week