စာမေးပွဲအဖြေလွှာ ပျောက်ဆုံးဆိုပြီး စာမေး ပွဲပြန်လည်ဖြေဆိုခိုင်းမှု ကျောင်းသားများ ကန့်ကွက်

စာမေးပွဲအဖြေလွှာ ပျောက်ဆုံးဆိုပြီး စာမေး ပွဲပြန်လည်ဖြေဆိုခိုင်းမှု ကျောင်းသားများ ကန့်ကွက်
by -
ခိုနူမ်းထုန်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နည်းပညာတက္ကသိုလ်တွင်  စာမေးပွဲအဖြေ လွာများ ပျောက်ဆုံး သွားသောကြောင့် စာမေးပွဲပြန် လည်ဖြေဆိုရန် တက္ကသိုလ်ကျောင်းအုပ်ကြီး ၏ ကြေညာချက်ကို  ကျောင်းသား ကျောင်းသူများက ကန့်ကွက်လိုက်ကြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ကလေးမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ရုံးခန်းဖောက် ထွင်းခံရပြီး ကျောင်းသားကျောင်းသူ များဖြေဆို ထားသော စာမေးပွဲ အဖြေလွှာများ ပျောက်ဆုံး သွားခဲ့သည်။ ယင်းအတွက် တက္ကသိုလ်ကျောင်း အုပ်ကြီး ဒေါက်တာအောင်ဇော်လင်းမှ စက်တင် ဘာ ၁၈ ရက်နေ့တွင် ပျောက်ဆုံးပျက်စီး သွားသော ဘာသာရပ်ဆိုင်ရာ အဖြေလွှာများ အတွက် ပြန် လည်ဖြေဆိုရန် ကြေညာ ထုတ်ပြန်ခဲ့မှုကို တက္ကသိုလ်ကျောင်း သားကျောင်းသူများက ကန့်ကွက်ခဲ့ ကြခြင်းဖြစ်သည်။

pic1

ယင်းကိစ္စနှင့်ပတ်သက်ပြီး နည်းပညာတက္ကသိုလ်(ကလေး) ကျောင်းသားကျောင်းသူများ၏ စက်တင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်သော ၎င်းတို့ကြေညာချက်တွင် ကျောင်းသားများအနေဖြင့် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌါနမှ သတ်မှတ်ထားသော စာမေးပွဲအချိန်ကာလအတွင်း စည်းကမ်း ရှိစွာ စနစ်တကျဖြေဆိုခဲ့ကြကြောင်း၊ ထို့ကြောင့် ပြန်လည်ဖြေဆိုရမည့် စာမေးပွဲကို ကန့်ကွက်သည်ဟု ဖော်ပြထားသည်။

ဘာသာရပ်ဆိုင်ရာ အဖြေလွှာစာရွက်များ ပျောက်ဆုံးပျက်စီးသည့်အမှုကိစ္စသည် တာဝန်ရှိသူများ၏ တာဝန်ပေါ့လျော့လစ် ဟင်းမှုသာဖြစ်ကြောင်း၊ တာဝန်ရှိသူများကသာ တာဝန်ယူဖြေရှင်းပေးရန် နှင့် ကျောင်းသူကျောင်းသားများနှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိကြောင်း ကြေညာချက် တွင်ဖော်ပြ ထားသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာ ၈ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးရုံးခန်းသည် စက်တင်ဘာ ၁၇ ရက်ညက ဖေါက် ထွင်းခံရပြီး ကျောင်းသားကျောင်း သူများ ဖြေဆိုထားပြီးသော အဖြေလွှာစာရွက်များ ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကို တက္ကသိုလ် တာဝန်ရှိသူများက သက်ဆိုင်ရာ ကလေးမြို့ရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ထားပြီ ဟု လည်းသိရသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် မည်သည့်အဖြေလွှာများပျောက်ဆုံးနေသည်၊ မည်သည့် အဖြေလွှာများ ကျန်ရှိနေ သည်ကို အတိအကျမသိရှိသောကြောင့် တက္ကသိုလ်တာဝန်ရှိသူများမှ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာပေးရန် လိုအပ် ကြောင်း ကျောင်း သားကျောင်းသူ များ ကပြောသည်။

ထို့အပြင် အဖြေလွှာစာရွက်များပျောက်ဆုံးသည့်အမှုကိစ္စသည် တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေ သည့် နည်းတူ စာမေးပွဲပြန်လည်ဖြေဆိုခြင်းသည် ကျောင်းသားကျောင်းသူများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေကြောင်း၊ ထို့ကြောင့် ယခု ကိစ္စကို ဖန်းတီးခဲ့သော  တရားခံအား အမြန်ဆုံးဖော်ထုတ် အရေး ယူပေး ရန် ကျောင်းသားကျောင်းသူများက ၎င်းတို့ကြေညာ ချက်တွင် တောင်း ဆိုထားသည်။