သိန်း၂၀၀ ကျော်တန် ကျောက်စိမ်းဒိုင်း ဘောလုံးပြိုင်ပွဲ KBC ကျင်းပ

သိန်း၂၀၀ ကျော်တန် ကျောက်စိမ်းဒိုင်း ဘောလုံးပြိုင်ပွဲ KBC ကျင်းပ
by -
ကေအဲန်ဂျီ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှကြီးမှူး၍ ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးတိုက်  ဖျက်ရေးကို ထောက်ခံကာ ကျမ်းမာသန်းစွမ်းသောဖခင် ဟူသောခေါင်းစဉ်ဖြင့် ကျောက်စိမ်းဒိုင်းဆု ဘော်လုံးအားကစားပွဲတော်ကို ပထမအကြိမ် အသင်းတော် ဇုံနယ် ၁၅ ခုပါ၀င်ကာ စက်တင်ဘာလ ၁၅ ရက်မှ စ၍ယှဉ်ပြိုင်မှုပြုလုပ်နေသည်။

KBC သည် အဓိကရည်ရွယ်ချက်ဖြစ်သော မူးယစ်ဆေးဝါး ကန့်ကွက်ခြင်းနှင့် ကချင်အမျိုးသားများ၏ စည်းလုံးညီညွှတ်ခြင်းကို ပြသခြင်းလည်းဖြစ်ကြောင်း KBC အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ခလမ်ဆမ်ဆွမ် ကချင်သတင်းဌာန သို့ ပြောသည်။

kachin-jade-cup

“အိမ်ထောင်သည်တွေတောင်မှ အခုလိုကြိုးစားနေချိန် လူငယ်များလည်းကျန်းမားသန်စွမ်းပြီးမူးယစ်ဆေးဝါးမှ လွတ်မြောက်ဖို့ရန် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်တယ် ယခုချိန်ကချင်အမျိုးသားများတွေမှာ မူးယစ်သုံးစွဲနေ သူတွေများတယ် ကျန်းမာရေး၊ အမျိုးသားရေးမှာ အရမ်းထိခိုက်နေတဲ့အတွက်ကြောင့် လူငယ်တွေ ကျန်းမာပြီးတော့ အမျိုးသားရေးနဲ့အသင်းတော်များမှာပါဝင်လာနိုင်ဖို့ ရည်ရွယ် လှုံ့ဆော်ခြင်းဖြစ်တယ်” ဟု ပြောသည်။

KBC အမျိုးသားဌာနကော်မတီမှ ကျင်းပသောဘောလုံးအားကစားပွဲဒိုင်းဆုသည် ယခုကာလတန်ဖိုး မြန်မာကျပ် ငွေ သိန်း ၂၀၀ ကျော်သော ကျောက်စိမ်းဒိုင်းဖြစ်ပြီး ၎င်းဆုကိုဥရုဆိုင်းမော်ဖားကန့် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသားတစ်ဦးပေးလှူခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ၂၅ ရက်နေ့အထိ ကျင်းပသွားမည် အဆိုပါ ဘောလုံးအားကစားပွဲကို နောင်းနန်း ကချင်ဓမ္မ ကောလိပ်ကျောင်းဝင်းတွင် ဖွင့်ပွဲပြုလုပ်ကာ ဂျော်ဘွမ်တောင်ခြေ၊ ၈ မိုင်(သို့) ဗေထနိ နေရာ ၃ ခုတွင် KBC အသင်းတော်မှ ဓမ္မဆရာများအပါအဝင် အမျိုးသားများ အသီးအသီး လာရောက်ယှဉ်ပြိုင်ကစားနေခြင်း ဖြစ်သည်။

ကျောက်စိမ်းသည် ကချင်ပြည်နယ်သူ ပြည်နယ်သားများပိုင်ဆိုင်ခြင်းကို ပြသခြင်းဖြစ်ကြောင်းနှင့် ယခုနှစ် ပထမဆုံးပြုလုပ်ကျင်းပသော ဘောလုံးပွဲကစားပွဲဒိုင်းဆုသည် အရှေ့တောင်အာရှတွင် တန်ဖိုးအများဆုံး ပစ္စည်းတခုလည်း ဖြစ်ကြောင်း သိရှိရသည်။

အစီစဉ်တွင် လာရောက်ကစားလာသည့် အမျိုးသားများကို သမ္မာကျမ်းစာသင်ကြား ပို့ချခြင်းများလည်း ပြုလုပ်ကာ နံနက်နှင့် ညနေများတွင် ကစားပွဲကျင်းနေခြင်းဖြစ်ကြောင်း သိရသည်။ ဘောလုံးအား ကစားသမားများသည် အသက် ၃၅ နှစ်အထက်ရှိသူများဖြစ်ပြီး လာရောက်သူယှဉ်ပြိုင်သူ အယောက် ၃၅၀ ကျော်ရှိသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တွင် ဇုံနယ် ၁၅ ခုရှိပြီး ၎င်းတို့သည် မြစ်ကြီးနားဇုံနယ်၊ ပူတာအိုဇုံနယ်၊ နောမုန်းဇုံနယ်၊ ခခူးဇုံနယ်၊ ချီဖွေဇုံနယ်၊ ဝိုင်းမော်ဇုံနယ်၊ ကျိုင်းတုံဇုံနယ်၊ မုန်မော (Mung Mau)၊ ဂွတ်ခိုင်ဇုံနယ်၊ ဖားကန့်ဥရုဆိုင်းမော်ဇုံနယ်၊ ဗန်းမော်ဇုံနယ်၊ ထိန်နိုင် (Htingnai)ဇုံနယ်၊ ဆမားဇုံနယ်၊ ရှမ်းပြည်ဇုံနယ်နှင့် အောက်မြန်မာပြည်ဇုံနယ် (Lawu Ga) များ ဖြစ်ကြောင်းသိရှိရသည်။

လာမည့်နှစ်များတွင်လည်း ဆက်လက်ပြီးဘောလုံးအားကစားပွဲကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

Most read this week