သျှမ်းတောင်ပိုင်းတွင် ကျေးလက်​​ ဒေသ ဖွံ့ဖြိုး​ရေး အဖွဲ့ (SSLDO) သင်တန်းပေး

သျှမ်းတောင်ပိုင်းတွင် ကျေးလက်​​ ဒေသ ဖွံ့ဖြိုး​ရေး အဖွဲ့ (SSLDO) သင်တန်းပေး
by -
သျှမ်းသံတော်ဆင့်

သျှမ်​းပြည်​​ တောင်​ပိုင်​း ​ကျေးလက် ​​ဒေသ ဖွံ့ဖြိုး​ရေး အဖွဲ့ SSLDO  မှ သျှမ်​းပြည်​​ တောင်​ပိုင်​း မြို့နယ် အများအပြားတွင် ​ကျေးလက်​​ ဒေသ ဖွံ့ဖြိုး ​ရေးအတွက်​ အလုပ်​ရုံ​ ဆွေး​နွေး ပွဲများ ပြုလုပ် နေကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒီဒေသတွေဘာကြောင့်မပါ၀င်တာလည်းဆိုတာကို သွားရောက်လေ့လာပြီး ဒေသခံလူထုတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဟု SSLDO နှင့်လက်တွဲကာ ဆွေးနွေးပွဲပြုလုပ်ပေးခဲ့သော ကျွန်​းတစ်​​ထောင်​​မြေ​ဖောင်​​ဒေးရှင်​းမှ နန်းဝါနုကပြောသည်။

SSLDO

သျှမ်​းပြည်​​တောင်​ပိုင်​း ​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့ ( SSLDO ) ၊ ကျွန်​းတစ်​​ထောင်​​မြေ​ဖောင်​​ဒေးရှင်​း နှင်​့ ​မေတ္တာ​ရေး​ဖောင်​​ဒေးရှင်​း အဖွဲ့တို့  ပူးပေါင်းကာ လွိုင်​လင်​ခရိုင်​၊ လင်​း​ခေးခရိုင်​ နှင်​့ ( ပင်​လုံ ၊ ကွန်​ဟိန်​း ၊ မိုးနဲ ၊ လင်​း​ခေး ကျေးသီး ) မြို့နယ်​များသို့ ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ​သြဂတ်စ်လကတည်းက  ကွင်းဆင်းကာ ဆွေး​နွေးပွဲများ ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။

ဆီဆိုင်​မြို့နယ်​ ​နောင်​မွန်​​ကျေးရွာအုပ်​စု ​နောင်​ခမ်​းရွာတွင််​လည်း ပထမအကြိမ်​ သင်တန်းရိပ်သာကို စက်တင်ဘာလ ၆ ရက်နေ့က  ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။

မေတ္တာ​ရေး​ဖောင်​​ဒေးရှင်​းအဖွဲ့ဝင်​ဖြစ်​​သော မစန်​း​ဝေက " ကျမတို့ ဒီ​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးနဲ့ပတ်​သက်​ပြီး​တော့ သင်​တန်​းရိပ်​သာ ၃ ​နေရာဖွင်​့ထားပါတယ်​။ မြစ်​ကြီးနား၊ ပဲခူး နဲ့ ​နောင်​ခမ်​း မှာပါ ။ ဒေသတွင်းလူထုရဲ့လိုအပ်ချက်တွေကိုလည်း လေ့လာရင်းပေါ့  " ဟု သျှမ်​းသံ​တော်​ဆင်​့အား ပြောပြသည်​။

​ဆွေး​နွေးပွဲပြုလုပ်ရသည်​့ ရည်​ရွယ်​ချက်​မှာ လူ့စွမ်​းအားတိုးတက်​ဖွံ့ဖြိုး​ရေးနှင်​့​ဒေသအတွင်​းဖွံ့ဖြိုး​ရေးအတွက်​ ပညာ​ရေး ၊ ကျန်​းမား​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး ၊   လမ်​းပန်​းဆက်​သွယ်​​ရေး ၊ ​ဒေသအတွင်​းထွက်​ကုန်​များ ​စျေးကွက်​ရရှိ​ရေးနှင်​့ ဘိန်​းအစားထိုးသီးနှံ စိုက်​ပျိုး​ရေးအစရှိ ဒေသခံများ၏ လိုအပ်ချက်များကို ရည်ရွယ်​ချက်​တူညီ​သောပုဂ္ဂိုလ်များ အဖွဲ့အစည်​းများနှင်​့ ပူး​ပေါင်​း​၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်​ရွက်​သွားရန်​ ဖြစ်သည်ဟုလည်းသိရှိရသည်​။

" ကျနော်တို့ပင်​လုံမြို့မှာလည်း  ​မေတ္တာ​ရေး​ဖောင်​း​ဒေးရှင်​းဖြစ်​​မြောက်​ပြီး လက်တွေ့အလုပ်လုပ်သွား နိုင်ဖို့အတွက်​  နောင်​ခမ်​း​ကျေးရွာမှာသင်တန်းဖွင့်နေတဲ့  ကျွန်​းတစ်​​ထောင်​​မြေ​ဖောင်​း​ဒေးရှင်​းနာယက  ကွန်​ဟိန်​းပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်နန်​းဝါနု နဲဲ့ သွား​ရောက်​​ဆွေး​နွေးခဲ့ပါသေးတယ်​ " ဟု ပင်​လုံမြို့ရပ်​ကွက်​ ၄ အုပ်​ချုပ်​​ရေးမှူးဖြစ်​​သော လုံးစိုင်​းရွက်​တိုင်​းက ​ပြောသည်​။ ​

" ဒီ​ဆွေး​နွေးပွဲကို တက်လိုက်ရတဲ့အတွက် ကျမတို့အတွက် ဗဟုသုတကြွယ်​ဝ​စေပါတယ်​ ၊ ကျမတို့  စိုက်ပျိုးရေးအပိုင်းတွေမှာ ဆိုရင်လည်း ဓာတ်​​မြေသြဇာမသုံးဘဲ သဘာဝမြေသြဇာတွေသုံးဖို့ စတာတွေပေါ့နော်။ အခုနောက်ပိုင်း သဘာဝမြေသြဇာတွေကို တော်တော်များများပြန်သုံးလာနေတာတွေ့ရပါတယ်" ဟု ​ဆွေး​နွေးပွဲ တက်​​ရောက်​သူတစ်​ဦးက သျှမ်​းသံ​တော်​ဆင်​့ကို​ပြောသည်​။

သျှမ်​းပြည်​​တောင်​ပိုင်​း ​ကျေးလက်​​ဒေသ ဖွံ့ဖြိုး​ရေးအဖွဲ့ကို ၁၉၉၈ ခုနှစ်​က စတင်​ဖွဲ့စည်​းပြီး ၂၀၀၃ ခုနှစ်​ကတည်းကစပြီး ကျေးလက်ဒေသခံ ရွာသူ/သား​များအား စိုက်ပျိုးရေး၊ လူမှုရေး စီးပွါးရေး စသည့် သင်​တန်​းများ  ​ပေးသွား​ကြောင်​းသိရှိရသည်​။

Most read this week