ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ပေါ်နှင့် ကျေးလက်ဒေသ တချို့ရှိ အစိုးရ ကျောင်း များတွင် စက်တင်ဘာလ မှစတင်ကာ မတူဘာသာ စကား သင်ရိုးညွှန်းတမ်း စာအုပ် များ စတင် ဖြန် ့ဝေနေပြီဖြစ် သည်။
မတူဘာသာ သင်ရိုးညွှန်းတမ်း စာအုပ်ကို မတူစာပေ သင်ကြားရေးအဖွဲ ့ တာဝန်ရှိသူများက မတူပီမြို ့ပေါ်ရှိ အမှတ် (၁) အထက်တန်းကျောင်းနှင့် အမှတ် (၂) အထက်တန်းကျောင်းရှိ တာဝန်ရှိ သူများထံ ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်း ယနေ ့ထုတ် Matupi Times သတင်းတွင် ဖေါ်ပြ ထားသည်။
“ကျောင်းမှာ အခုသင်ကြားနေကြပြီ၊ အခုလောလောဆယ်တော့ ကျောင်းတစ်ကျောင်းမှာ စာအုပ် တစ်အုပ် စီပေးတယ်လို ့ သိရပါတယ်။ အခုသင်ရိုးလုပ်တာ မတူပီ ပညာရေးနှင့် မတူစာပေ သင်ကြားရေးအဖွဲ ့တို ့ ညှိပြီး တော့လုပ်တာဖြစ်တယ်။” ဟု မတူပီမြို ့ရှိ ချင်းအမျိုးသားတပ်ဦး ဆက်ဆံရေး ရုံး တာဝန်ခံ Pu Thang Yen က ဆိုသည်။
လောလောဆယ်တွင် ဒုတိယတန်းမှ စတုတ္ထတန်းအထိ အဆင့်တစ်ခု အနေအထားဖြင့် သင်ကြား မည်ဖြစ်ပြီး မတူဘာသာ သင်ကြားပေးသည့် ကျောင်းဆရာ/မ တစ်ဦးလျင် အစိုးရက တစ်လ ကျပ်ငွေ – ၃၀၀၀၀/- လခပေးသွားမည် ဟု သိရကြောင်း Pu Thang Yen က ခိုနုမ်းသုန်သတင်း ဌာနကို ပြောသည်။
မတူစာပေ သင်ကြားနိုင်ရန်အတွက် မတူပီမြို့နယ် ဖနိုင်၊ လုံတုမ်း၊ ကီလှူံး၊ ကာစဲ၊ တီဘော၊ ကီထောင်း၊ ခိုငန်းနှင့် ဝေတူးကျေးရွာ များတွင် သင်ရိုးစာအုပ်များ ဖြန် ့ဝေပြီဖြစ်ပြီး တချို့ကျေးရွာ များတွင် မတူစာပေကို စတင်သင်ကြား ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထို ့အပြင် ချုန်းပြိုင်း (က)၊ (ခ)၊ မှုန်တုန်၊ ရမ်တုမ်နှင့် ဟာလ်တူ ကျေးရွာများတွင်လည်း မတူစာပေများ ကို သင်ကြားပြီ ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြထားသည်။
မတူပီမြို ့နယ်ရှိ မတူမျိုးနွယ်စုများသည် သက်ဆိုင်ရာ ဒေသအလိုက် ဘာသာစကား ကွဲဲပြားမှုရှိသည် ဟု ဆိုနိုင်သော်လည်း မတူမျိုးနွယ်စုအကြား မည်သည့်မတူဘာသာကိုမဆို အသုံးပြုနိုင်သောကြောင့် ယခုသင်ကြား နေသည့် မတူဘာသာ စကား သင်ရိုးစာအုပ်ကို မတူ မျိုးနွယ်စုအတွင်း အောင်အောင်မြင်မြင် သင်ယူနိုင်မည် ဟု ယူဆနေကြသည်။
ထိုနည်းတူ ချင်းပြည်နယ် ဒေသတချို ့တွင်လည်း သက်ဆိုင်ရာ ဘာသာစကား သင်ရိုးစာအုပ်များကို သက်ဆိုင်ရာ ကျောင်းများတွင် သင်ကြားနေပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို ့ နယ်တွင် ခူမီး သာသာ စကား သင်ကြားနိုင်ရန် စက်တင်ဘာလ (၂၉) ရက်နေ ့တွင် ခူမီးစာပေ ကော် မီတီမှ ပြုစုသော စာအုပ်ကို ပြည်နယ်အစိုးရထံသို ့ ပဏမပေးပို ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ချိုးနှင့်ခူမီး ဒေသများတွင် သက်ဆိုင်ရာ ဘာသာစကား အသီးသီး သင်ကြားနိုင် ရန် ပြည်နယ်အစိုးရက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။