ဦးဥတ္တမအခမ်းအနားသို့ ဦးဆောင်တက်ရောက်ကြသူအချို့ကို ရန်ကုန်တွင် ရဲကစစ်ဆေးမူများရှိ

ဦးဥတ္တမအခမ်းအနားသို့ ဦးဆောင်တက်ရောက်ကြသူအချို့ကို ရန်ကုန်တွင် ရဲကစစ်ဆေးမူများရှိ
by -
နိရဥ္စရာ

နှစ်မြောက် ဆရာတော်ဦးဥတ္တမ စိန်ရတုအခမ်းအနားသို့ တက်ရောက်ကြသူများအထဲမှ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာနေ ဦးဆောင်သူများ၏ မှတ်ပုံတင်နံပတ်၊ မိဘမှတ်ပုံနံပတ်၊ ဖုန်းနံပတ်များနှင့် နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့မှ ယမန်နေ့က လာရောက် တောင်းယူသွားကြောင်း တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာလမ်းနေ ရခိုင်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုမောင်ကျော်ခိုင်မှ ပြောကြားသည်။

ယင်းသို့ လာရောက်တောင်းယူခြင်း မပြုမှီ စက်တင်ဘာလ (၉) ရက်နေ့ကလည်း ဆရာတော် ဦးဥတ္တမနေ့ စိန်ရတု အခမ်းအနားသို့ တက်ရောက်ကြမည့် မော်တော်ယာဉ်များအား ရပ်ကွက် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဟန့်တားစစ်ဆေးမူများရှိခဲ့သည်ဟု ဆိုသည်။

3-1

’’  ကျွန်တော်တို ့က ဆရာတော်ဦးဥတ္တမအခမ်းအနားကို ကျောက်မြောင်းကနေ ကားနဲ ့သွားဖို ့လုပ်နေစဉ်မှာ ကျောက်မြောင်းရပ်ကွက် ဥက္ကဌ ဦးစိုးမြင့်ရယ်၊ ဘိုးလိန်း အောင်မင်္ဂလာရပ်ကွက် ဥက္ကဌရယ်၊ ပြီးတော့လဝကပါတယ်။ မြိုနယ်မှူးပါတယ်၊ နယ်ထိန်းတစ်ယောက် ပါတယ်။ အကုန်(၆)ယောက်ပါတယ်။  သူတို ့က ခွင့်ပြုချက်မရဘဲ လုပ်တာဖြစ်တာကြောင်းနဲ့ မင်းတို ့ကိုဖမ်းမယ်။ ခွင့်ပြုချက်မရဘဲ ကားတွေထွက်လို ့ မရဘူး။ လူစုလူဝေးနဲ ့ ခွင့်ပြုချက်မရဘဲလုပ်တာဖြစ်တာကြောင်း သွားလို ့မရဘူး။ ဖမ်းခွင့်ရှိတယ်ဆိုပြီး ပြောပါတယ်”  ဟု ပြောသည်။

ယင်းဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တာမွေမြို့နယ် ကျောက်မြောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊  အောင်မင်္ဂလာလမ်းနေ ရခိုင်လူငယ်အဖွဲ ့မှ ဆရာတော် ဦးဥတ္တမအခမ်းအနားသို ့သွားရန်လုပ်နေစဉ်အချိန်တွင် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ဥက္ကဌ ဦးပါကြီးနှင့် ကျောက်မြောင်းရပ်ကွက် ဥက္ကဌဦးစိုးမြင့်တို ့သည် ရဲများကိုခေါ်ယူလာခဲ့ကြောင်း၊ ကားနံပါတ်များအား ရေးမှတ်ခြင်း၊ မှတ်ပုံတင်နံပါတ်များကိုတောင်းခြင်း၊  ဦးဆောင်သူများ ဖုန်းနံပါတ်များ တောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် ခြိမ်း ခြောက်များပြုလုုပ်ခဲ့ကြောင်း သူကဆိုသည်။

“ ဒါ့အပြင် ဆရာတော်ဦးဥတ္တမအကျီ င်္ဝတ်ထားတဲ့ သူတွေကိုဖမ်းမယ်။  ဆရာတော် ဦးဥတ္တမ အကျီင်္ဝတ်ထား သူတွေကို အကျီင်္တွေကို ချွတ်ခိုင်းတယ်။ ဒါမျိုးတွေကိုလည်း သူတို့က လုပ်ခိုင်းတယ်” ၄င်းမှ ဆက်လက်ပြော သည်။

အဆိုပါကိစ္စနဲ ့ ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ တာမွေမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးမှ ယခုကဲသို ့ ပြောသည်။

“ တားစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို ့လူတွေက သတင်းယူပြီးတော့ သတင်းတင်ထားတာလေ။ ရခိုင်သားရေးရာ ၀န်းကြီး ကိုယ်တိုင်း ဦးစီးပြီးတော့ ဆရာတော်ဦးဥတ္တမအခမ်းအနားကို လုပ်တော့ သူတို ့အဖွဲ ့သွားနေတဲ့ အချိန်မှာ ကျွန်တော်တို ့က သတင်းတော့ သွားယူရတာပေ့ါ။ ဘယ်နေရာကနေ ဘယ်ကိုထွက်သွားတယ်။အဲ့သတင်းကိုအထက်ကိုတင်ပြတယ်။ ဒါပဲ ၊ ဘာကြောင်းတားရမှာလဲ၊ တားစရာ အကြောင်းမရှိဘူး။ မလိုအပ်တဲ့အကြောင်းနဲ ့ မလိုအပ်တဲ့ သတင်းတွေပေါ်လာလို့ဘဲ ဒီအချိန်မှာ အဲ့လောက်ပြဿာနာတွေ တက်နေကြတာ။ ကျွန်တော်ရဲစခန်း မဟုက်ဘဲ နောက်တစ်ခြားလုပ်တဲ့အပိုင်းကျတော့ ကျွန်တော်တို ့ မသိဘူး” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့က တက်ရောက်မည့်သူ များပြားမူကြောင့် ယင်းနေ့က ကား(၃) စီးနဲ ့ မလုံးလောက်၍ နောက်ထက်ကားကြီး ( ၂) စီစဉ်နေစဉ် ရပ်ကွက်လူကြီးများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်စစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင်လည်း ဦးဆောင် စီစဉ်သူများ မှတ်ပုံတင်နံပါတ်၊ မိဘမှတ်ပုံတင်များ၊ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများကို လာရောက် တောင်းယူသွားခဲ့သည်။

Most read this week