ရခိုင်ပြည်နယ်တွင် လူတစ်ဦး၏ တစ်နှစ်ဝင်ငွေမှာ ကျပ် ရှစ်သိန်းခန့်သာ ရှိသောကြောင့် အစိုးရ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးစီမံကိန်းများသည် အောင်မြင် မှုမရှိသေးဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်းကပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော်မှ မြို့နယ်အလိုက် လူတစ်ဦးချင်းစီ၏ တစ်နှစ်ဝင်ငွေ စစ်တမ်းအရ ကျပ် ရှစ်သိန်း ခန့် ရရှိသောကြောင့်တစ်နေ့ဝင်ငွေမှာကျပ် ၂,၂၀၀ ခန့်ရရှိပြီး ပြည်နယ်၏ ဖွံ့ဖြိုးမှုမှာလည်း နည်းပါးသေး သည်ဟု ၎င်းက ဆိုသည်။
ဦးထိန်လင်းက “အခုလက်ရှိမှာ ဖွံ့ဖြိုးတိုးတက်မှု ကနည်းတယ်၊ ဒေသမတည်ငြိမ်မှုများ ဖြစ်ခဲ့တယ်။ အလုပ် အကိုင် အခွင့်အလမ်း ကလည်းမရှိဘူး။ လျှပ်စစ်က လည်း မရဘူး။ ဒါကြောင့်မို့လို့ပါ”ဟု ဆိုသည်။
ရခိုင်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အလိုက် ကောက်ယူထားသော ဒေသဆိုင်ရာ စီမံကိန်းမှတ်တမ်း စာအုပ် (Regional Planning Book) အရ ရခိုင်တောင် ပိုင်း ဒေသများတွင် လူတစ်ဦးချင်းစီ၏ တစ်နှစ် ၀င်ငွေကို ပျမ်းမျှတွက် ကြည့်ပါက ရှစ်သိန်း ခန့်ရှိပြီး မြောက်ပိုင်းဒေသများတွင်မူ တစ်ဦးချင်း ၀င်ငွေမှာ တစ်နှစ် လျှင် ခြောက်သိန်းခန့် (တစ်နေ့ ၀င်ငွေ ကျပ် ၁,၆၀၀ ကျော်) ရှိ၍ ဖွံ့ဖြိုးမှုအားနည်းနေပြီး ၂၀၁၅ အလွန်မှသာ ဖွံ့ဖြိုးနိုင်မည်ဟု ၎င်းက ပြောသည်။
သမ္မတ၏မှတ် ချက်အရ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် ဒုတိယအ ဆင်းရဲ ဆုံးပြည်နယ်ဖြစ်ပြီး တစ်နှစ် ၀င်ငွေကျပ်ရှစ် သိန်းအောက်ပင် လျော့နိုင်ကြောင်း လည်း ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရေလုပ်ငန်းဖြင့် အဓိက အသက်မွေး ၀မ်းကျောင်းပြုရပြီး ရေသယံဇာတများ ရှားပါးလာ ခြင်းတို့ကြောင့် ပြောင်းရွှေ့နေ ထိုင်မှုများ လည်းရှိ လာသည်ဟုလည်း ၎င်းက ပြောသည်။
“ဂွမြို့နယ်ထဲမှာဆိုရင် မိုးတွင်းကာလ မျှစ်ချိုးတယ်၊ ၀ါးခုတ်တယ်၊ တောတောင် ကိုမှီပြီး အသက်မွေးဝမ်း ကျောင်းပြုရတာ ဖြစ်တဲ့အတွက် အဆင်မပြေကြဘူး။ လူ တစ်ယောက်ကို တစ်နှစ်ဝင်ငွေ ရှစ်သိန်းဆိုတာ များနေပါသေးတယ််” ဟု ဆိုသည်။
ဂွမြို့တွင် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသော ဒေါ်အေးမိက “အရင်တုန်းကဆိုရင် ကုန်စုံဆိုင်လေးရောင်းရ ငွေနဲ့ မိသားစု လောက်ငတယ်။ အခုနောက်ပိုင်းတော့ အဆင်မပြေဘူး”ဟု ဆိုသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် မြို့နယ်များအားလုံးကို လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ လူတစ်ဦးချင်းဝင်ငွေ မှာ လက်ရှိအခြေအနေထက် မြင့်လာ နိုင်မည်ဖြစ်သည် ဟု လည်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။
ရှေ့ပြေး သန်းခေါင်စာ ရင်းအရ ရခိုင်ပြည် နယ်တွင် လူဦးရေ ၃ ဒသမ ၂ သန်း ခန့်ရှိပြီး ဘင်္ဂါလီ ၁ ဒသမ ၀၉ သန်းရှိသည်။ နိုင်ငံတကာတွင် တစ်ရက် ၀င်ငွေ တစ်ဒေါ်လာ(ကျပ် ၉၇၀)အောက်ရပါက ဆင်းရဲနွမ်း ပါးဟု သတ်မှတ်သည်။