ဦးဥတ္တမနေ့ အခမ်းအနား ရခိုင်တိုင်းရင်းသားများ သောင်းချီတက်ရောက်

ဦးဥတ္တမနေ့ အခမ်းအနား ရခိုင်တိုင်းရင်းသားများ သောင်းချီတက်ရောက်
by -
မဇ္စျိမ

ရခိုင်တိုင်းရင်း သားတို့၏ အာဇာနည်နေ့ အဖြစ်သတ်မှတ် ထားသော ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း ရ၅ နှစ်ပြည့်စိန် ရတုအခမ်းအနားကို ရခိုင်တိုင်းရင်း သားသောင်းဂဏန်းကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း အဆိုပါပွဲတက်ရောက်သူများက ဆိုသည်။

ဦးဥတ္တမအခမ်းအနားကိုရန်ကုန်မြို့MCCခန်းမတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီးရခိုင်နိုင်ငံရေးပါတီများ၊ရခိုင်လူမှု ရေးအဖွဲ့ဝင်များ၊အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်ဟု ဦးဥတ္တမပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

632

“ယခုကဲ့သို့ ဦးဥတ္တမနေ့ကို ဂုဏ်ပြုကျင်းပရခြင်းသည် တိုင်းရင်းသား များသွေးစည်း ညီညွတ် မှုကိုပြပြီး အမျိုးဘာသာ သာသနာနှင့် မျိုးချစ်စိတ် ဓာတ်ရှင်သန် ကြီးထွားစေရေးအတွက်လည်း ဖြစ်ကြောင်း”ဟု သံဃာ တော်တစ်ပါးက မိန့်ကြားသည်။

အခမ်းအနားကို ရခို်င်ပြည်နယ်ရှိ မြို့နယ်များတွင် နှစ်စဉ်ကျင်းပသော်လည်း ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်မှ စ၍ကျင်းပခြင်းဖြစ်သည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဗြိတိသျှအုပ်ချုပ် မှုအောက်ကျရောက်နေ ချိန်တွင် အမျိုးသားရေးစိတ်ဓာတ်၊ နိုးကြွလာအောင် တောရောမြို့ပါမကျန် နယ်လှည့်တရားဟော စည်းရုံးခဲ့သည့်အပြင်ထိုစဉ်က မြန်မာနိုင်ငံကိုအုပ်ချုပ်နေသည့်ဗြိတိသျှဘုရင်ခံဆာရယ်ဂျီနယ် ကရက်ဒေါက်ကို မြန်မာပြည်မှထွက်သွား ရန် သူရိယသတင်းစာမှတစ်ဆင့် စာဖြင့်နှင် ထုတ်ခဲ့ သည့် သံဃာတော်တစ်ပါး ဖြစ်သည်။

ထို့သို့သော ဆောင်ရွက်ချက်များကြောင့် ဆရာတော်ကို ဗြိတိသျှကိုလိုနီအစိုးရက အကြိမ်ကြိမ်ဖမ်းဆီး၍ အကျဉ်းချခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားဖြစ်သောဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဘဝနတ်ထံပျံလွန်ခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့က ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလေ့ရှိသည်။၂၀၁၁ ခုနှစ်အရောက်တွင်မူ အစိုးရကဦးဥတ္တမနေ့ကို တရားဝင်ကျင်းပခွင့်ပြုခဲ့သည်။

Most read this week