လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာသက်ရောက်မှု အစီ ရင်ခံစာ (EIA/SIA Report) ကို ၂၀၁၄ မေလမှစ တင် လေ့လာနေသော်လည်း ဆက်လက်စိစစ်ရန် လိုနေ သေးသည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက မဇ္ဈိမနှင့်သီး သန့် တွေ့ဆုံရာတွင် ပြောသည်။
“လက်ရှိမှာလက်ပံတောင်းတောင်နဲ့ပတ်သက်ပြီးအပေါ်ယံမြေလွှာတွေကိုပဲ လေ့လာနေရတဲ့အတွက် လိုအပ်ချက်ကသိပ်မတွေ့ရသေးဘူးပေါ့။ဒါ့ကြောင့် အောက် ခံမြေလွှာရဲ့အက်ဆစ်ဓာတ်ထွက်တဲ့အထိလေ့ လာပြီးမှ အစီရင်ခံစာကိုထုတ်ပြန်ပေးသွားဖို့ရည်ရွယ်ထားတယ်။လက်ရှိမှာလည်းပြည်တွင်း၊ပြည်ပ ပညာရှင်တွေ ဆီက အကြံ ဉဏ်တွေ ယူနေတယ်”ဟု ၎င်းက ပြောသည်။
ဦးနေအေးသည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောလက်ပံတောင်းတောင်ကြေးနီစီမံကိန်းလေ့လာဆန်းစစ်ချက်အစီရင်ခံစာကို အကောင်အထည်ဖော်ရေး သည့် အဖွဲ့၏ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ယူထားသူလည်းဖြစ်သည်။
လတ်တလော လေ့လာထား ချက်များအရ စီမံကိန်းအတွင်း ရေဆိုးစွန့် ထုတ်မှုကို ( waste water treatment ) ကာကွယ်ရန်၊ ရေထုညစ် ညမ်းမှုမ ရှိစေရန်အ တွက် HDPE- High Density Poly Ethylene ရှင်း လင်းရန်၊ မိုင်းများပိတ်သိမ်းသည့် အစီအစဉ်ချမှတ်ရန်စသည်တို့တွင် လိုအပ်ချက်များရှိနေသေးသည်ဟု၎င်း က ပြောသည်။
များမကြာမီတွင် ယင်းတို့ကို စိစစ်ရေးအဖွဲ့၏ သုံးသပ်ချက်များ၊ တွေ့ရှိသည့် လိုအပ်ချက်များအဖြစ် စာရင်း ပြုစု၍ အစီရင်ခံစာတစ်စောင်ထုတ်ပြန် ရန်ရှိသည် ဟု ဦးနေအေးက ဆိုသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ယူဖူးသူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကစီမံကိန်း ဆိုင်ရာအကောင်အထည်ဖော်မှုကို အများပြည် သူသိရှိနိုင်ရေး ထုတ်ပြန်မှုအားနည်း နေသည်ဟု ဆိုသည်။
“အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုထိပြည်သူကို လက်ဝယ် မရောက်သေးဘူး။ ပါ၀င်တဲ့ အကြောင်းအရာ တွေကိုလည်း website မှာဖော်ပြပေး မယ်လို့ပြော ထားပေမယ့်လည်း နားလည်ရခက်တဲ့ ပုံစံမျိုးတွေရေး ထားတယ်။ ဒေသခံတွေမပြောနဲ့ ကျွန်မတို့တောင်မသိဘူးဆိုတော့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေ က မြင့်တက်လာပြီ။ ဒါကြောင့် လက်ပံတောင်းတောင်မှာ အခုထိ ပြဿနာတွေက မအေးသေးတာပေါ့”ဟု ၎င်းက ဆိုသည်။
ယင်းသို့သော အကြောင်းများကြောင့် ဒေသခံတို့ခံစားနေရသည့် စိုးရိမ်စိတ်များကို လျှော့ချနိုင်ရန်လွှတ် တော်အတွင်း ဆွေးနွေးနိုင်ရေး စီစဉ်မည်ဟု ဒေါ်ခင် စန်းလှိုင်က ပြောသည်။လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် ၂၀၁၀ ပြည့်နှစ်အတွင် ဒေသခံတို့၏ ကန့်ကွက်မှုများကြောင့် လုပ်ငန်းလုပ်ဆောင်ရွက်မှု များကို ရပ်တန့်ထားကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ၏ စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ရ သည်။
ထို့နောက် စစ်ဆေးရေးကော်မရှင် အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းကို အကောင်အထည်ဖော် ရန် သမ္မတကအဖွဲ့ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။ ထို့နောက် စီမံကိန်း၏ အကျိုးအမြတ်ခွဲဝေမှု ဆိုင်ရာ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခြင်း နှင့် အကြံပြုချက်များ အကောင်အထည်ဖော်ခြင်းတို့ကို ယင်းအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။