CNA လက်ခံသည်ဟု စွပ်စွဲပြီး အစိုးရစစ်တပ်က ရွာသားသုံးဦးအား နှိပ်စက်

CNA လက်ခံသည်ဟု စွပ်စွဲပြီး အစိုးရစစ်တပ်က ရွာသားသုံးဦးအား နှိပ်စက်
by -
ခိုနူမ်းထုန်

ချင်းအမျိုးသားတပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်  ရသေ့တောင် အခြေစိုက် ခမရ ၃၄၄ မှ တပ်ရင်းမှူးနှင့် အဖွဲ့သည် ပလက်ဝမြို့နယ် အိန္ဒိယ – မြန်မာနယ်စပ်ရှိ ကုန်ပြင်ရွာသား U KyawKyaw, U Maungsein နှင့် ကာကီရွာသား U Sane Aung တို့အား ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ယာထဲတွင် ဖမ်းဆီးနှိပ်စက်ပြီး ယနေ့ထိ ချုပ်နှောင်ထားသည်ဟု သိရသည်။

“U Kyawkyaw, U Maungsein နဲ့ U Sane Aung တို့က တောင်ယာထဲမှာ ရှိနေတုန်း ဖမ်းဆီး နှိပ်စက်ကြတယ်၊ CNA တွေကို ယာသီးနှံတွေ ပေးတယ်၊ ရွာထဲမှာ CNA အခြေချတယ်ဆိုပြီးတော့ အမျိုးမျိုး မေးမြန်နှိပ်စက်ပြီး ယာတဲမှာ ချုပ်နှောင်ထားကြတယ်၊ ရွာသားတွေက ချင်းထုံးစံအရ ၀က် တကောင် သတ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလည်း ခွင့်မပြုဘူး” ဟု အမည်မဖော်လိုသူ ရွာသား တစ်ဦးက ခိုနုမ်းသုန်ကို ပြောသည်။

map-copy

အစိုးရစစ်တပ်သည် ဒေသခံများထံမှ စားနပ်ရိက္ခများကို အတင်းအဓမ္မ တောင်းပြီး တောင်ယာထဲမှာ စခန်းချကာ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာသို့ စျေးဝယ်နေသည့် မီဇိုရမ်ဖက်မှ ဒေသခံများ၊ ခရီးသွားပြည်သူများထံ CNA နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှု များပြုလုပ်နေကြောင်း ထပ်မံသိရသည်။

” အဲဒီကိစ္စကို ခရီးသွားပြည်သူတွေထံကနေ တဆင့်ကြားရတယ်၊ ကျတော်တို့အနေနဲ့ ပြည်တွင်း သွားချင်ရင် နီးစပ်ရာ အစိုးရတပ်စခန်းကို သတင်းပို့ပြီး အရပ်ဝတ်နဲ့ ၀င်ထွက်တာတော့ရှိတယ်၊ ဒီကိစ္စ အထက်ကို တင်ပြထားတယ်၊ ဘယ်လို ကိုင်တွယ်မလဲပေါ့၊ ဘာမှ မဆိုင်တဲ့ ပြည်သူကို ယခုလို နှိပ်စက်တာ မလုပ်သင့်ဘူး ” ဟု CNA တပ်မှူး ဗိုလ်ကြီး Linglaw က ပြောသည်။

CNF နှင့် CNA အဖွဲ ့ဝင်များသည် နိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်ကိုင်ဆောင်၍ ခရီးသွားလာခြင်းမှအပ လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုရန် ချင်းပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ ့နှင့် CNF တို ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့က သဘောတူထားကြသည။်

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို ့နယ် ကွမ်းချောင်းဝအုပ်စု၊ ကွမ်းချောင်းဝကျေးရွာသားများ သည် ပြီးခဲ့တဲ့ ဇူလိုင် လ ၂၀ ရက်နေ့က ရွာခင်းပွဲတော်ကို ကျင်းပနေစဉ် ပလက်ဝမြို့ပေါ်အခြေစိုက် ခလရ (၂၃၂) မှ စစ်ကြောင်းမှူး ဗိုလ်ကြီး သန့်ဇင်ကျော်နှင့် အဖွဲ့သည် ည ရး၃၀ နာရီတွင် ရွာတွင်း သို့ ရုတ်တရက်ဝင်ရောက်ပြီး အုပ်စု ဥက္ကဌ ဦး ကံကြီး အောင်အား ကိုယ်ထိလက်ရောက် နှိပ်စက် ခဲ့ကြသည်။

အစိုးရစစ်တပ်၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူတွေအနေဖြင့် လက်ရှိ အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးအကြား ပဏာမ ငြိမ်းချမ်းရေးရယူမှုအပေါ် ယုံကြည်မှု ကင်းမဲ့လာကြောင်း၊ ယင်းကိစ္စကို တာဝန်ရှိများမှ ချက်ချင်းဖြေ ရှင်းမှုပြလုပ် သင့်ကြောင်း ပြောဆို မှုများလည်းရှိနေသည်။