သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို တရားစွဲဆိုထားသည့် အမှုနှစ်မှုအတွက် ဒက္ခိဏခရိုင် တရားရုံးက စွဲချက်တင်လိုက်ပြီဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက ပြောသည်။
“နိုင်ငံတော်အစိုးရဘက်က လျှောက်ထားတယ်။ ကျွန်တော်တို့က စွဲချက်မတင်ဖို့ လျှောက်ထားတယ်။ ပယ်ချလိုက်တယ်။ ၀န်ကြီးဟောင်းကို အပြစ်ရှိ၊ မရှိမေးတယ်။ ၀န်ကြီးဟောင်းက မရှိဘူးလို့ ပြန်ဖြေတယ်။ တရားလိုပြ သက်သေအားလုံးကို ပြန်ခေါ်မယ်”ဟု ရှေ့နေဦးတင်ထွန်းက ပြောသည်။
ဒက္ခိဏခရိုင်တရားရုံးတွင် ယုံကြည်အပ်နှံအလွဲသုံးမှု ပုဒ်မ ၄၀၉ နှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ အတွက် စွဲချက်တင်လျှောက်ထားလိုက်ခြင်း ဖြစ်သည်။ ပုဒ်မ ၄၀၉ အတွက် တရားလိုသက်သေ ၂၈ ယောက် တင်ပြထားပြီး ၁၃ ယောက်စစ်ဆေးပြီးချိန်တွင် လျှောက်ထားလိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၁၂၄ အတွက် တရားလိုသက်သေ ၃၈ ယောက် တင်ပြထားပြီး ၁၆ စစ်ဆေးပြီးချိန်ဖြစ်သည်။
“ရုံးခေါ်သက်သေ သုံးဦး ရှိတယ်။ တရားလိုသက်သေအားလုံးကို ပြန်ခေါ်မယ်”ဟု ရှေ့နေဦးတင်ထွန်းက ပြောသည်။
ပုဒ်မ ၄၀၉ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ၀န်ကြီးဟောင်းက နိုင်ငံတော် ဘဏ္ဍာငွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခြင်း မရှိဘူးဟု ရှေ့နေက ငြင်းဆိုလိုက်သည်။
စွပ်စွဲခံရသူ ၀န်ကြီးဟောင်း ဦးဆန်းဆင့်ဘက်မှ သက်သေမည်မျှ လျှောက်ထားမည်ကို လာမည့် ကြာသပ တေးနေ့တွင် ရေမည်းသင်းအကျဉ်းထောင်တွင် ရှေ့နေနှင့် ၀န်ကြီးဟောင်း ဦးဆန်းဆင့်နှင့်တိုင်ပင်ပြီး သောကြားနေ့ ရုံးချိန်း၌ သက်သေခံမည့် သူစာရင်းကို လျှောက်ထားသွားမည် ဖြစ်သည်။
၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို လာမည့် သောကြာနေ့တွင် ဒက်္ခိဏခရိုင်တရားရုံး၌ ထပ်မံစစ်ဆေးသွား မည်ဖြစ်သည်။ ၀န်ကြီးဟောင်းအား ကျပ်သိန်း တစ်ရာ အလွဲသုံးစားမှုဖြင့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး အချိန် နှစ်လကျော်ကြာခဲ့ပြီ ဖြစ်သည်။