ကချင်ဒီမိုကရက်တစ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၃ နေရာယှဉ်ပြိုင်မည်

ကချင်ဒီမိုကရက်တစ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၃ နေရာယှဉ်ပြိုင်မည်
by -
ကေအဲန်ဂျီ

ကချင်ဒီမိုကရက်တစ်ပါတီ (KDP) သည် ၂၀၁၄ ခုနှစ် လာမည့် အောက်တိုဘာလကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၃ နေရာ် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

KDP ပါတီမှ ပြည်နယ်လွှတ်တော်ဖြင့် ဝိုင်းမော်မြို့နယ်၊ ပြည့်သူ့လွှတ်တော်ဖြင့် ဗန်းမော်၊ မိုးကောင်းနှင့် ဖားကန်ဒေသများတွင် ယှဉ်ပြိုင်သွားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးဂွမ်ဂရောင် အောင်ခမ်းက KNG ကချင်သတင်းဌာန သို့ ပြောသည်။

IMG 6183

“တိုင်းရင်းသား မဟာမိတ်များနဲ့အတူ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်မှာဖြစ်တယ်။  ပြီးမှ ကိုယ့်ကံကြမ္မာကိုယ် ဖန်းတီးနိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်မယ့် နိုင်ငံဖြစ်လာဖို့ စစ်မှန်တဲ့ဖယ် ဒရယ် ပြည်ထောင်စုဖြစ်လာဖို့ အားလုံး ကြိုးစားသွားကြမှာဖြစ်တယ် စစ်မှန်တဲ့ဖယ်ဒရယ် ပြည်ထောင်စု မဖြစ်လာခဲ့ရင် ကိုယ့်နယ်မြေမှာဘယ်လိုမှ ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ဘူး အဲဒါကြောင့် တရားမျှတတဲ့ အခွင့်အရေးရဖို့ ပြည်သူလူထုတွေနဲ့ အတူကြိုးစားသွားကြမှာဖြစ်တယ်” ဟု သူက ပြောသည်။

KDP ၏ ပေါ်လစီသည် တန်းတူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖယ်ဒရယ်နိုင်ငံတည်ထောင်ခြင်းကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတွင် ကျန်းမာရေး၊ ပညာရေး၊ စီပွားရေးများနှင့် သီးသန့် ပေါ်လစီများလည်းရှိကြောင်းသိရှိရသည်။

စက်တင်ဘာလ ၁ ရက်နေ့တင်္နလာနေ့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ၏ ပြည်သူ့ဆက်ဆံရေးရုံး ဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားကို တပ်ကုန်းတောင် စံပြလမ်းထောင့် အမှတ် ၂၂၁ နေအိမ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ဆက်လက်ပြီး ကချင်ဒီမိုကရက်တစ်ပါတီရုံးများ ကချင်ပြည်နယ် နေရာအနံ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

KDP ကချင်ဒီမိုကရက်တစ်ပါတီအလံမှ အစိမ်းရောင်သည် တန်ဖိုးကြီးမားသော ကျောက်စိမ်းကို ဖော်ဆောင် ခြင်းဖြစ်ပြီး အပြာရောင်သည် ငြိမ်းချမ်းရေးကိုဖော်ဆောင်ခြင်းနှင့် အနီရောင်သည် ကချင်အမျိုးသားများ သည်တောက်ပသည့် နေမှ (Jan Ga) ဆင်းတက်လာသည်ဟု အဓိပ္ပါယ်ဖော်ဆောင်ကြောင်း သိရှိရသည်။

လာမည့် နိုဝင်ဘာလတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ယခင်စစ်ပွဲများဖြစ်ပွားခြင်းကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့သောနေရာတွင် ပြုလုပ်သွားရန်ဖြစ်ပြီး ဝိုင်းမော်မြို့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမရှိခြင်းကြောင့် ကျန်သည့် ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် လွှတ်တော်ကိုယ်စားလှယ် နေရာလွတ်တွင် ဆက်လက်ပြီး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သီးသန့်မလုပ်ရသေးသည့် နေရာများသည် ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်နယ်လွှတ်တော်နှင့် အင်ဂျန်းယန်မြို့ နယ်မှ ပြည်နယ်လွှတ်တော်များဖြစ်ကြောင်းသိရှိရသည်။

ကချင်ဒီမိုကရက်တစ်ပါတီမှ အနည်းဆုံးနေရာ ၃ နေရာတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အစိုးရ ကော်မရှင်မှ တရားဝင် အသိပေးခြင်းမရှိသေးကြောင်း သိရှိရသည်။

ကချင်ဒီမိုကရက်တစ်ပါတီကို မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသများတွင် အများဆုံး ထောက်ခံထား ကြောင်း သိရှိရသည်။

ယခုချိန် KDP ပါတီမှ အစိုးရကော်မရှင်များသို့ ပါတီဝင်လူဦးရေစာရင်း ၁၀၀၀ တင်ထားပြီးဖြစ်ကြောင်းနှင့် ပါတီရုံးများကို ဖွင့်လှစ်ပြီးမှ ပါတီဝင်စာရင်းပြန်လည်ကောက်ယူမည် ဖြစ်ကြောင်း သိရှိရသည်။ 

Most read this week