ဗမာ့တပ်မတော် နယ်လှည့်စစ်ကြောင်း ဝ စစ်သားကိုသတ် - လက်ဝါးကပ်တိုင်ပေါ်တင်

ဗမာ့တပ်မတော် နယ်လှည့်စစ်ကြောင်း ဝ စစ်သားကိုသတ် - လက်ဝါးကပ်တိုင်ပေါ်တင်
ငါးထွက်ရှာသည့် ဝ တပ်ဖွဲ့ဝင်တဦးအား မိုင်းတုံမြို့နယ် နားကောင်းမူးအခြေစိုက် နအဖနယ်လှည့်စစ်ကြောင်းက သျှမ်းသူပုန် ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ပြီး လက်ဝါကပ်တိုင်ပုံစံ ချည်နှောင်ထားကြောင်းနယ်စပ် သတင်း ရပ်ကွက်ကဆို ...

ငါးထွက်ရှာသည့် ဝ တပ်ဖွဲ့ဝင်တဦးအား မိုင်းတုံမြို့နယ် နားကောင်းမူးအခြေစိုက် နအဖနယ်လှည့်စစ်ကြောင်းက သျှမ်းသူပုန် ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ပြီး လက်ဝါကပ်တိုင်ပုံစံ ချည်နှောင်ထားကြောင်းနယ်စပ် သတင်း ရပ်ကွက်ကဆိုသည်။

“နားပါကောဝ် - မယ့်ကဲန်းကြား လင်လျဲန်တပ်စခန်းက ဝ တပ်ဖွဲ့ဝင်သုံးဦး ငါးထွက်ရှာတယ်၊ တဦးကအဖွဲ့နဲ့ကွဲပြီး ဗမာ စစ်ကြောင်းနဲ့သွားတိုးတော့ ရိုက်သတ်ခံလိုက်ရတယ်” နားပါကောဝ် ရွာသားတဦးကဆိုသည်။

ယခုလဆန်းပိုင်းက နားကောင်းမူးအခြေစိုက် ခလရ ၆၅ မှ လူအင်အား ၁ဝ ယောက်ပါ နယ်လှည့်စစ်ကြောင်း တစ် ကြောင်း မိုင်းတုံမြို့ အရှေ့ တောင်ဘက် ဟွေ့ပန်ကျိုင်းလျှိုမြောင်အတိုင်း ငါးလိုက်ဖမ်းနေသော ဝ တပ်သား တဦးအား သတ်ပြီး ရွာ သားများအား “ကျုပ်တို့ ရှမ်းသူပုန်တယောက်ဖမ်းမိတယ်။ သတ်လိုက်ပြီ၊ ကြည့်ချင်ရင် လျှိုမြောင်ထဲမှာ ကားစင်တင် ထားတယ်” ဟု ထိုစစ်ကြောင်းက ပြောကြောင်း အဆိုပါရွာသားက ဆက်ပြောပြသည်။

“အဲဒီစစ်သားအသတ်ခံရပြီး ၄-၅ ရက်လောက်နေမှ ကျနော်တို့သိရတယ်။ ကျန်နှစ်ယောက်ကတော့ သူတို့သူငယ်ချင်း အသတ်ခံရပြီလို့ထင်ကြပေမယ့် ဘယ်သူ့ကိုမှ မပြောပြရဲဘူး။ ကျနော်တို့လူခွဲပြီးလိုက်ရှာမှ သိရတယ်။ ဗမာတပ်က သတ် သွားတာကိုလဲ ရွာသားတွေပြန်ပြောပြမှသိရတယ်။ လက်ဝါး ကားတိုင်ပုံစံလုပ်ပြီး နွယ်ကြိးတွေနဲ့ချည်ထားတယ်ဆိုတာ ခရစ်ယာန်ဘာသာဝင် ဝ အမျိုးသားတချို့တွေကို စော်ကားတာဘဲ၊ ကျနော်တို့လဲ ဒီကိစ္စ ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး” ဟု တပ်မဟာ ၂၄၈ မှ အရာရှိတဦးကဆိုသည်။

ခလရ ၆၅ ကလည်း အဆိုပါ ဝ တပ်သားကို SSA သျှမ်းသူပုန်ယူဆပြီး အမှန်တကယ် လူမှားသတ်ဖြတ်မိကြောင်း၊ သို့ အတွက် လျော်ကြေး ကျပ် ၅ သိန်းပေးမည်ဟုပြောသော်လည်း ဝ တပ်ဖွဲ့အနေဖြင့် ငွေမလိုချင်ကြောင်း၊ ဗမာစစ်တပ် ရက်စက် မှုအတွက် ပြန်လည်ချေပသွားမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ထိုအရာရှိက ဆိုပါသည်။

အဆိုပါသတ်ခံလိုက်ရသည့် ဝ တပ်သားသည် UWSA ဝ တောင်ပိုင်း တာ့ရုန့် ဦးစီးသည့် တပ်မဟာ ၂၄၈ မှ တပ်သားဖြစ် ကြောင်း၊ ထိုတပ်မဟာသည် သျှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့အားဘယ် တော့မှ ထိုးစစ်ဆင်တိုက်ခိုက်မည် မဟုတ်ကြောင်း၊ ထို့အတူ သျှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့၏ လမ်းကြောင်းကိုလည်း အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း ၂ဝဝ၈ နှစ်ဦး ပိုင်း ကထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။

Most read this week