လောပိတ ဓါတ်အားထုတ်စက်ရုံရှိ Control Room ကို ကွန်ပျူတာစနစ် ပြောင်းလဲအသုံးပြုမည်

လောပိတ ဓါတ်အားထုတ်စက်ရုံရှိ Control Room ကို ကွန်ပျူတာစနစ် ပြောင်းလဲအသုံးပြုမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်ရှိ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပေးသော လောပိတ ဓါတ်အားပေးစက်ရုံ အမှတ် ၁၊၂နှင့် အမှတ် ၃ ရှိ လျှပ်စစ်မီး ထိန်းချုပ်ရာတွင် အသုံးပြုသော Control Room စက်ပစ္စည်းများကို လက်ထိန်းစနစ်မှ ကွန်ပျူတာစနစ် (remote system) သို့ ပြောင်းလဲ အသုံးပြုတောမည် ဖြစ်ကြောင်း အမှတ် ၁ စက်ရုံမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

"အရင်က စက်တွေဟောင်းနေတော ခဏခဏ စက်တွေပြင်နေရတယ်လေ။ အသစ်တွေလဲပြီ ဆိုတော့ လျှပ်စစ်ဓာတ်အားတွေ ပုံမှန်ရနိုင်တာပေ့ါ" ဟု ပြောသည်။

၎င်းကွန်ပြူတာစနစ် ဖြင့်ထိန်းချုပ်ရသော စက်ပစ္စည်းများကို ဂျပန်မှ ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လမှစ၍ တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

"ဒီလိုစက်တွေပြုပြင်လိုက်ခြင်းအားဖြင့် စက်တွေပိုပြီးတော ကြံ့ခိုင်လာမယ်ပေါ။ သက်တမ်းတွေ ပိုရှည်လာမယ်ပေါ။ အရင်ကစက် ပစ္စည်းတွေက နှစ် ၅၀ ပြည့်နေတဲ့ အတွက် ဂျပန်သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးနေပြီပေါ့။ ကုန်ဆုံးနေပြီဖြစ်တဲ့အတွက် အသစ်ပြန်ပြီးတော့ မွမ်းမံပေးတာပေါနော်" ဟု သူက ဆက်ပြောသည်။

၎င်းတပ်ဆင်မှုကို လာမည့် ၂၀၁၅ မတ်လအတွင်းအပြီး တပ်ဆင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Most read this week